ဓာတ်ပုံ – WMMK

မြတ်နိုး၊ စက်တင်ဘာ ၂၁ ရက်၊ ဗန်းမောက်

စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ်အစပ် ကသာခရိုင်၊ ဗန်းမောက်မြို့ကို မနေ့ စက်တင်ဘာလ ၂၀ ရက် ညပိုင်းက တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ဗန်းမောက်က ရပြီတဲ့ မနေ့ညက။ ည ၁၀ နာရီကျော်ထိတောင် ရှင်းလင်းရေး လုပ်နေကြတုန်းလို့ ပြောတယ်။ စစ်ကိုင်းအစပ်” လို့ ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

ဗန်းမောက်က ကာကင်း ၇ ခု၊ ပင်မစခန်း ၂ ခု အပါအဝင် ဗန်းမောက်မြို့ကို PDF စစ်ဒေသ ၁ ကွပ်ကဲမှုနဲ့ စက်တင်ဘာလ ၂၀ ရက်ညက အပြီးသိမ်းပိုက်လိုက်နိုင်တာဖြစ်ပြီး ဗန်းမောက်မှာတော့ SNA တပ်မဟာ – ၆၁၄၊ ၉၇၂ နဲ့ တပ်မ – ၇၇ နည်းဗျူဟာက အင်အား ၁ ထောင်ခန့်ရှိ‌တယ်လို့ ဆိုပါတယ်။

“ဗန်းမောက်ကို တန်ပြန် စစ်ကြောင်းထိုးဖို့ အဲဒီဒေသက ပြည်သူ့စစ်တွေ ခလရ ၁၅ မှာ စုနေကြတယ်လို့ သိရတယ်” လို့ ‌တော်လှန်ရေးနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

‌ဗန်းမောက်မြို့နဲ့ အနီးတဝိုက်ကို အခုလ စက်တင်ဘာလ ၁၅ ရက်နေ့က တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေက စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ထိုးစစ် စဆင်တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာပဲ ဗန်းမောက်မြို့အနီးက ကာကင်း ၆ ခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဗန်းမောက်မြို့ကို PDF တွေ သိမ်းလိုက်ပေမယ့် စစ်ကောင်စီနဲ့ SNA ဆီက ဘာလက်နက်ခဲယမ်းမှ မရလိုက်ကြောင်း၊ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ် SNA ဘက်က အောင်မြင်စွာ ဆုတ်ခွာနိုင်ကြောင်း စစ်ကောင်စီထောက်ခံသူတွေက ဝါဒဖြန့်ထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။