မိုင်းအရှိုင်း၊ စက်တင်ဘာ ၁၉ ရက်၊ မိုးကုတ်
တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို ထိုးစစ်ဆင်ဖို့ လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးဆီကနေ သိရပါတယ်။
သူက “ပြောသလိုပဲ နေပူရင် ဘာမှမဖြစ်ဘူး။ မိုးရွာပြီဆိုရင် သေနတ်သံတွေ၊ စက်သံတွေ ရှုပ်နေတာပဲ။” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖက်က ရတနာသိင်္ဂီရွာဖက်ကနေ စစ်သည်အင်အားတွေ ဖြည့်တင်းလျက်ရှိနေပြီး လက်ရှိမှာတော့ မြေပြင်ကနေသာ ထိုးစစ်ဆင်နေကြိုးစားနေတာဖြစ်တယ်လို့ ဆိုပါတယ်။
“အင်အားကတော့ များမယ်ထင်တာပဲ။ တစ်နေရာရာ သူတို့သွားပြီဆိုရင် လူ ၂၀ လောက်နဲ့ သွားကြတာတွေ့နေရတယ်။ ရောက်ကတည်းက ချတာ ဗုံးသီး အလုံး ၃၀၀ လောက်ရှိပြီ။”
စစ်ကောင်စီတပ်ရဲ့ ကျောက်မဲမြို့ ထိုးစစ်တပ်ဟာ ခိုက်တုန်ဟုန်းကျေးရွာနားရောက်လာတဲ့အချိန်မှာ နောင်ချို – မိုးကုတ်လမ်းကို မြေပြင်ထိုးစစ်ဆင်နေတာဖြစ်ပြီး လက်ရှိမှာ ရတနာသိင်္ဂီ အကျော်မှာပဲ သောင်တင်နေတယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။