ဓာတ်ပုံ – wings of Kale

ရဲမာန်၊ စက်တင်ဘာ ၁၇ ရက်၊ ကလေး

စစ်ကောင်စီတပ်ရဲ့ အဓမ္မစုဆောင်းခံရတဲ့တပ်သားသစ် ၁၄ ဦးမှ လက်နက် ၇ လက်နဲ့အတူအလင်း၀င်ရောက်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့ – wings of kalay မှ ဒီနေ့ စက်တင်ဘာ ၁၇ ရက်မှာထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ် ၂ လအတွင်းမှာ ၇ ဦးတစ်ဖွဲ့ဆီနဲ့ ၂ကြိမ်ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ wing of kalay ‌- ဒရုန်းတာဝန်ခံ ကိုကုလားမှ ရွှေဖီမြေကိုပြောပါတယ်။

“လက်နက်ခဲယမ်းမပါဘဲ ပထမတစ်သုတ် ၇ ဦးထွက်ပြေးခဲ့တာရှိတယ်။ ကျနော်တို့နဲ့ အချိတ်အဆက်တော့မရှိဘူး။ လမ်းမှတွေ့ရှိပြီး ခေါ်ယူစစ်ဆေးပြီးမှ ထိန်းသိန်းထားလိုက်တာ။ ပထမတစ်သုတ်နဲ့ ဒုတိယတစ်သုတ်က တူတူဘဲ။ သူတို့ တစ်ပတ်စဉ်ဘဲ။ ပေါတာဆွဲခံရတာလည်း အတူတူဘဲဖြစ်တယ်”လို့ ၎င်းက ဆိုပါတယ်။

အလင်းဝင်ရောက်လာတာတဲ့ ၁၄ ထဲမှ ၇ဦးဟာ MA-3 အမျိုးအစားလက်နက်ငယ် ( ၅) လက်၊ MA-1 အမျိုးအစား လက်နက်ငယ် ( ၂ ) လက်၊ လက်ပစ်ဗုံးသီး ၉ လုံး၊ ၆၀ မမ လက်နက်ကြီးကျည် (၄) ဖူး၊ အီနာဂါ (၃) လုံး၊ ကျည်ဘောက် (၁၅) ဘောက်၊ ၅.၅၆ ကျည် (၁၂၀၀) တောင့်တုနဲ့အတူ အလင်းဝင်ရောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အလင်းဝင်ရောက်လာတဲ့ ၁၄ ဦးကို wings of kalay တပ်ဖွဲ့မှ တစ်ဦးကို ကျပ်သိန်း ၃၀ ဆီ ချီးမြှင့်ပေးခဲ့ပြီး ၎င်းတို့ကလည်း မိမိတို့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။