လွေးလာဝ်ဇာရ်၊ ဇန်နဝါရီ ၉ ရက်၊ တန့်ယန်း
ရှမ်းမြောက် တန့်ယန်းမြို့နယ် နားဟုတ်အုပ်စု လွယ်ပန်ရွာမှာ ကိုရင်လေးတစ်ပါး ကားပေါ်ကနေ ပြုတ်ကျပြီး ဆေးကုသဖို့အတွက် အကူအညီ လိုအပ်နေတယ်လို့ ကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
ကိုရင်လေးဟာ အရှင်နေမိန္ဒ (၁၁ နှစ်)ဆိုသူဖြစ်ပြီး ကား မရပ်သေးဘဲ ကားပေါ်ကနေ ခုန်ချမိတာကြောင့် ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ ဆိုပါတယ်။
ကူညီပေးသူ အမျိုးသားတစ်ဦးက “ကား မရပ်သေးဘဲ ကားပေါ်ကနေ ခုန်ချပြီး ဘယ်ဘက် မျက်ခုံးနဲ့ မေးစေ့မှာ ဒဏ်ရာ ရပြီး ချုပ်ရတယ်။ အခု ကိုရင်လေးက သတိရတစ်ချက် မရတစ်ချက် ဖြစ်နေတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ကိုရင်လေးဟာ တန့်ယန်း ဆေးရုံမှာ ကုသမှု ခံယူနေပြီး မန္တလေးဆေးရုံသို့ လွှဲပေးရမှာဖြစ်တဲ့အတွက် အကူအညီ တောင်းရခြင်းဖြစ်တယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။
“သူ့မိဘတွေလည်း အဆင်မပြေတဲ့အထဲမှာ ပါတယ်။ အခု တန့်ယန်း ဆေးရုံမှာဘဲ ကုသနေတာ။ ဆရာဝန်တွေက မန္တလေးကို လွှဲပြောင်းခိုင်းတာ။ လမ်းစရိတ်လည်း မရှိ ဆေးကုသစရိတ်လည်း မရှိဘူးဆိုတော့ ဘယ်လိုမှ သွားလို့မရဘူး။ အဲကြောင့် တတ်နိုင်သလောက် ကူညီပေးစေချင်တယ်”