ဓာတ်ပုံ – Local

မြတ်နိုး၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ ကချင်ပြည်နယ် အစပ်ဘက်ရှိ ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ကစ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ပြင်းထန်လာကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူများ၊ ဒေသခံများဆီက သိရပါတယ်။

“အင်းတော်ဘက်ကနေ ဗန်းမောက်ဘက် ထိုးစစ်ဆင်နေတာ” လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဗန်းမောက်မြို့ မြို့ပြင်ဝန်းကျင်မှာ စစ်ကောင်စီ–SNA ပူးပေါင်းတပ်ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားနေတာလည်း သူက ပြောပါတယ်။

အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ စက်တင်ဘာလ ၁၅ ရက်နေ့ကစ အင်းတော်မြို့နယ်နဲ့ ဗန်းမောက်မြို့နယ်ကို ဆက်သွယ်ထားတဲ့ အင်းတော်–ဗန်းမောက် ဗျူဟာလမ်းမ အပါအဝင် တခြားလမ်းပိုင်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။

“၁၅ ရက်နေ့ကတည်းက ပစ်ခတ်သံ တော်တော်ကြားနေရတယ်။ ဗန်းမောက်မြို့ အနီးက ဒေသခံပြည်သူတွေ အနေနဲ့ အသက်ရှင်သန်ရေးက အရေးကြီးတာကြောင့် သတိထားပြီး ဘေးကင်းရာဘက် နေထိုင်သင့်တယ်” လို့ ဗန်းမောက်မြို့အနီး နေထိုင်တဲ့ ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေကတော့ မြို့ပြင်ထွက်တဲ့ လမ်းတွေကို ပိတ်ထားတာကြောင့် မြို့ထဲက ဒေသခံပြည်သူတွေ ပိတ်မိနေတာ ရှိတယ်လို့ သူက ပြောပါတယ်။

ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထိန်းချုပ်နယ်မြေတွေမှာ အင်တာနက်လိုင်းအားလုံးကိုလည်း စက်တင်ဘာလ ၁၅ ရက်နေ့ကစ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ဆိုပါတယ်။

ဗန်းမောက်မြို့နယ်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ နားယကာ၊ စက်တော စတဲ့ ကတူးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ SNA တပ်ဖွဲ့နဲ့ PDF တို့အကြား ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် ပြည်သူတွေ ထိခိုက်တာတွေအပြင် ဒရုန်းဗုံးကြဲမှုကြောင့် စစ်ရေးနဲ့ မသက်ဆိုင်တဲ့ စာသင်ကျောင်း၊ လူနေအိမ်တွေ ပျက်စီးခဲ့ကြောင်း ကတူးလူမျိုး လူနည်းစု တိုင်းရင်းသားဖြစ်သည့်အပြင် တိုက်ပွဲကြောင့် ထိခိုက်မှုအနက် လူမျိုးအဖြစ် ပျောက်ကွယ်လာမှာ စိုးရိမ်ဖွယ် တွေ့မြင်ရကြောင်း ကတူးရဟန်းတော်များအဖွဲ့နဲ့ ကတူးလူငယ်များအဖွဲ့ချုပ်က စက်တင်ဘာလ ၁၀ ရက်နေ့မှာ မေတ္တာရပ်ခံ အသိပေးစာ ထုတ်ပြန်ထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။