ဓာတ်ပုံ – Local

ရဲမာန်၊ စက်တင်ဘာ ၁၇ ရက်၊ မုံရွာ

စစ်ကိုင်းတိုင်းရဲ့ မြို့တော်ဖြစ်တဲ့ မုံရွာမြို့မှာ စစ်ကောင်စီတပ်က အလုပ်သွားအလုပ်ပြန် ပြည်သူတွေကို ဖမ်းဆီးပေါ်တာဆွဲနေတာတွေ ပြုလုပ်နေတယ်လို့ Monywa Road Information- MRI ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နေရာအတိကျဖမ်းဆီးတာမျိုးမဟုတ်ဘဲ လမ်းသွားလမ်းလာတွေကို ကြုံရင်ကြုံသလို လိုက်လံဖမ်းဆီးနေတယ်လို့ ၎င်းက ဆိုပါတယ်။

“နေရာအတိအကျတော့ ကားရပ်ပြီး ဆွဲတာမျိုး မဟုတ်ဘူး။ ကားနဲ့ ပတ်တယ် ပတ်ရင်း ရပ်ပီး ဆွဲတာမျိုးတာ ပြုလုပ်နေတာ။ အခုအခြေနေက အလုပ်သွားအလုပ်ပြန် အချိန်တွေမှာလဲ ဆွဲတာမျိုး‌တွေပြုလုပ်နေတယ်”

စစ်ကောင်စီတပ်ရဲ့ မကြာခဏပေါ်တာဆွဲနေတာကြောင့် ပြည်သူတွေအနေနဲ့ ဂရုစိုက်သွားလာနေထိုင်ဖို့ ၎င်းက ဆက်ပြောပါတယ်။

“ပြည်သူတွေအနေနဲ့လဲ အသွားအလာ သတိထားသွားနေရမဲ့ အခြေနေပါ။ ကိုယ့်အိမ်ထဲမှာနေရင်တောင် မလုံခြုံတဲ့ အခြေအနေမျိုးပါ။ ဆွဲလိုက် နားလိုက် လုပ်‌နေတာ။ ပြည်သူတွေ သတိပေါ့သွားရင် ပြန်ပီး ဆွဲလိုက် အဲ့လိုမျိုးပါ”

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မန္တလေးမြို့ပေါ်က ရပ်ကွက်တွေမှာလည်း စစ်မှုထမ်းအပတ်စဉ် ၁၇ အတွက် လူငယ်လူရွယ်တွေကို ဖိအားပေး မဲနှိုက်ခိုင်းတာ‌တွေ အခုရက်ပိုင်း ရှိလာတယ်လို့ သိရပါတယ်။

မနေ့ စက်တင်ဘာ ၁၆ရက်နေ့မှာလည်း စစ်ကိုင်းမြို့ထဲက လက်ဖက်ရည်ဆိုင်တစ်ခုမှာ အမျိုးသမီး ၃ဦးအပါအဝင် လူငယ်အမျိုးသား ၃၀ထက်မနည်းကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။