မိုင်းရူပ၊ စက်တင်ဘာ ၁၆ ရက်

ရှမ်းမြောက် နောင်ချိုနဲ့ ကျောက်မဲမြို့နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ဂုတ်ထိပ်တံတားကို စစ်ကောင်စီဘက်က ပြန်လည်ပြုပြင်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဂုတ်ထိပ်တံတားနဲ့ ဂုတ်တွင်းလမ်းပိုင်းကို စစ်ကောင်စီထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကျိုးကျပျက်စီးသွားတဲ့ ဂုတ်တွင်းတံတားကို စစ်ကောင်စီက အရင်ပြုပြင်ခဲ့ပြီး လက်ရှိမှာ ဂုတ်ထိပ်တံတားကို ပြန်လည်ပြုပြင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဂုတ်တွင်း- နောင်ပိန်လမ်းပိုင်းကိုထိန်းချုပ်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဂုတ်တွင်းအနီးမှာရှိတဲ့ နောင်ပြစ်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့တအာင်းတပ်မတော်- TNLA အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။

“ဂုတ်ထိပ်ကို စစ်ကောင်စီပြန်ပြင်နေတာဟုတ်တယ်။ တိုက်ပွဲက နောင်ပြစ်ရွာနားမှာ ဖြစ်နေတယ်။ နောင်ပပြစ်ရွာကို စစ်ကောင်စီအကုန်နီးပါး ပြန်ရသွားပြီ။ TNLA က ရွာပြင်မှာ ဆုတ်ထားရတယ်” ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဂုတ်တွင်းတံတားကို ပြန်လည်ပြုပြင်ခဲ့ပေမယ့် ၎င်းတို့ထောက်ပို့လမ်းကြောင်း လွယ်ကူအောင် ပြန်လည်ပြုပြင်ထားပြီး ဂုတ်တွင်း- နောင်ပိန်လမ်းကို စစ်ကောင်စီ ထိန်းချုပ်နိုင်ရင် နောင်ချိုကနေ နောင်ပိန်ဘက်ကို စစ်အင်အားနဲ့ စစ်အင်အား လွယ်လွယ်ကူကူ ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာလည်း ဂုတ်ထိပ်တံတားကို ပြန်လည်ပြုပြင်နေတဲ့ဓာတ်ပုံတွေ မနေ့ စက်တင်ဘာ ၁၅ ရက်မှာ ဖော်နေကြတာ တွေ့ရပါတယ်။

နာမည်ကျော်ဂုတ်ထိပ်တံတားဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်မှာ ကျိုးကျပျက်စီးသွားပြီး တံတားဖျက်ဆီးခံရမှုအပေါ် TNLA နဲ့ စစ်ကောင်စီအကြား အပြန်အလှန်စွပ်စွဲနေကြပါတယ်။

စစ်ကောင်စီတပ်ဘက်က ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ဖို့ တအာင်းတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နောင်ပိန်နဲ့ ကျောက်မဲကြား ခိုက်တုန်ဟုန်းနဲ့ ဂုတ်တွင်းအနီး နောင်ပြစ်ရွာအနီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။