ဓာတ်ပုံ – VOM

ရဲမာန်၊ စက်တင်ဘာ ၁၅ ရက်၊ မတ္တရာ

မန္တလေးတိုင်း မတ္တရာမြို့နယ် အင်းကြင်းမြိုင်အနီးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဦးဇင်း ၁ပါးနဲ့ အမျိုးသား ၁ဦးတို့ သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက် ည ၇နာရီခန့်မှာ စစ်တပ်က Y-12 လေယာဉ်နဲ့ ဗုံးသီး ၃၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ၂ ဦးသေဆုံးခဲ့တဲ့အပြင် ၄ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

“ဆည်တော်၊ အင်ကြင်းမြိုင်နဲ့ ချောင်းသဖာ့ဘုန်းကြီးကျောင်း ၃ နေရာကို ချသွားတာ။ အဲ့မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘူး”

အဲတိုက်ခိုက်မှုကြောင့် ဦးဇင်းဝဲကျော်နဲ့ ကိုမောင်လေးတို့ သေဆုံးခဲ့ရပြီး ကိုရင်လေး ၁ ပါး၊ ဆရာလေး ၁ ပါး၊ မငယ်နဲ့ ကိုအောင်ဒင်တို့ကတော့ ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက် ည ၂ နာရီဝန်းကျင်မှာ စစ်တပ်က မတ္တရာမြို့နယ် ဆိပ်သာအုပ်စု ရှားစေးချက်ရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်ကို စစ်တပ်က ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ မှာ စစ်ကြောင်းထိုးလာတာကြောင့် မြောင်းသစ်၊ ကျပ်ပြင်၊ မကြီးကုန်း၊ ကင်း၊ ညောင်ပင်သာ၊ ရွာကြီးကုန်းနဲ့ ကျွဲကျရွာစတဲ့ကျေးရွာတွေဟာ စစ်ရှောင်နေပြီး အခြေခံစားသောက်ကုန်နဲ့ ငွေကြေးတချို့လည်း အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။