ဓာတ်ပုံ- AA

မိုင်းရူပ၊ ဇန်နဝါရီ ၉ ရက်၊ ရမ်းဗြဲ

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျော်နီမော်ရွာက လူအစုလိုက် အပြုံလိုက် သေဆုံးစေခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်လို့ AA ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ကျော်နီမော်ရွာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ အရပ်သား ၄၀ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရကာ နေအိမ် ၅၀၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေထဲ ကလေးငယ်နဲ့ အမျိုးသမီးအပါအဝင် အရွယ်စုံ ပါဝင်တယ်လို့ ဦးခိုင်သုခက ရွှေဖီမြေကို ပြောပါတယ်။

“လူနေ ထူထပ်ပြီး မူဆလင်တွေ အများဆုံး နေတဲ့ရွာကို ဗုံး ထိမှန်ပြီး မီးလောင်ခဲ့တဲ့အတွက် အခုလို အသေအပျောက် များတာ ဖြစ်ပါတယ်။ ဘာတိုက်ပွဲ ဖြစ်ပွားခြင်းတဲ့ မရှိတဲ့နေရာမှာ အခုလို အပြစ်မဲ့ ပြည်သူတွေကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်တာဟာ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ အလွန်ယုတ်မာတဲ့ လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်တယ်”

မီးလောင်သွားတဲ့ နေအိမ်တွေကို ၅ နာရီ နီးပါးကြာ ငြိမ်းသက်ခဲ့ရပြီး လက်ရှိမှာ ဒဏ်ရာ ရသူနဲ့ မီးဘေးသင့်ခဲ့သူတွေကို AA နဲ့ ဒေသခံတွေက ကူညီပေးနေတယ်လို့ ဦးခိုင်သုခက ဆိုပါတယ်။

စစ်တပ်ဘက်ကတော့ ရမ်းဗြဲမြို့နယ် ကျော်နီမော်ရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်တပ်က AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ရွာတွေကို လေကြောင်းကနေ တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်ကလည်း မြေပုံမြို့နယ် ကမ်းထောင့်ကြီးမြို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်မှာ AA က နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီက AA ထိန်းချုပ်ထားတဲ့ မြို့ ရွာတွေကို လေကြောင်းကနေ ဗုံး ဆက်တိုက် ကြဲနေတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။