ရွှေဖီမြေ၊ စက်တင်ဘာ ၁၅ ရက်၊ သိန္နီ
ကိုးကန့်တပ် – MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ထဲကို စစ်ကောင်စီက ပြန်လည်ဝင်ရောက်လာမယ်လို့ သတင်းတွေထွက်ပေါ်နေမယ့် သိန္နီမြို့နယ်ထဲမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့တဲ့ မြို့နယ်စာရင်းထဲ ပါလာနေပါတယ်။
စစ်ကောင်စီဟာ သူတို့ထိန်းချုပ်နိုင်ခြင်း လုံးဝမရှိတော့တဲ့ မြို့နယ် ၅၆ မြို့နယ်မှာ ရွေးကောက်ပွဲလုပ်နိုင်မှာ မဟုတ်တော့ကြောင်း မနေ့ စက်တင်ဘာ ၁၄ ရက်မှာ တရားဝင်ထုတ်ပြန်တာပဲ ဖြစ်ပါတယ်။
အဲထဲမှာ ရှမ်းပြည်ထဲက မြို့နယ် ၁၇ မြို့နယ် ပါဝင်ပြီး MNDAA ထိန်းချုပ်မှုအောက်မှုရှိတဲ့ မြို့နယ်တွေဖြစ်တဲ့ ကုန်းကြမ်း၊ လောက်ကိုက်၊ ကွမ်းလုံ၊ သိန္နီ မြို့နယ် ၄မြို့နယ် ပါဝင်ပါတယ်။
သိန္နီမြို့ထဲကိုတော့ လာမယ့် စက်တင်ဘာ ၁၉ ရက်ဝန်းကျင်မှာ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနဆိုင်ရာ ဝန်ထမ်းတွေ ပြန်လည်ဝင်ရောက်လာမယ်လို့ သတင်းထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် စစ်ကောင်စီက သူလုံးဝထိန်းချုပ်နိုင်ခြင်းမရှိတော့တဲ့ မြို့နယ်တွေထဲမှာမှ သိန္နီမြို့နယ်မှာလည်း သူရွေးကောက်ပွဲမလုပ်နိုင်တော့ဘူးလို့ တရားဝင်ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။