ဓာတ်ပုံ – CJ

ပျားကြီး၊ စက်တင်ဘာ ၁၄၊ မန္တလေး

မိုးရွာသွန်းမှုများပြားတာကြောင့် မင်းကွန်းဒေသနဲ့ မတ္တရာမြို့နယ်တွေက စစ်ဘေးရှောင်တွေအနေနဲ့ နေထိုင်စားသောက်ရေးအတွက် အခက်တွေ့နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

မနေ့ စက်တင်ဘာလ ၁၃ ရက် ညပိုင်းကစတင်ပြီး မိုးရွာသွန်းမှုတွေ ဖြစ်ပွားခဲ့တာကြောင့် မန္တလေးမြို့အနီးဝန်းကျင်မှာ ယာယီတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ မိုးရေထဲမှာနေထိုင်နေရတာဖြစ်ပါတယ်။

“ငလျင်ပြီးတော့ စစ်ဘေး၊ အခုရေဘေးပါထပ်တိုးပြီ။ ရွာပြန်လို့မရတာလည်း လနဲ့ချီနေပြီဆိုတော့ ဒုက္ခရောက်တာပေါ့ဗျာ။ အခုကမိုးပဲရှိသေးတာ၊ လေပါလာရင်တော့စဥ်းကိုမစဥ်းစားရဲတော့ဘူး”လို့ မင်းကွန်းဒေသခံစစ်ရှောင်တစ်ဦးက ပြောပါတယ်။

မင်းကွန်းဒေသတလျှောက်က ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းနဲ့ မတ္တရာမြို့နယ်က ကျေးရွာ ၂၀ ကျော်ဟာ စစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နီးစပ်ရာတောတောင်တွေ၊ ကျွန်းတွေနဲ့ မန္တလေးမြို့အနီးကစွန့်ပစ်မြေစာပုံတွေကြားမှာ ဖြစ်သလိုနေထိုင်နေရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မိုးကာ၊ ဆေးဝါးနဲ့ အစားအသောက်လိုအပ်ချက်တွေ မြင့်မားနေပြီး မိုးရေကြောင့် ဖျားနာမှုတွေရှိလာတဲ့အပြင် မြွေအပါအဝင် အဆိပ်ရှိသတ္တဝါတွေရဲ့ရန်ကိုလည်း စိုးရိမ်နေရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။