ရွှေဖီမြေ၊ စက်တင်ဘာ ၁၄ ရက်၊ မောတောင်
တနင်္သာရီမြို့နယ် မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNUမှ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရှိပြီး လက်နက်တချို့လည်းသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲထိတွေ့တိုက်ပွဲမှာ တော်လှန်ရေးဘက်မှာ MA-1 (၂ )လက်၊ MA-3 (၁ )လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ခွဲဗုံး ၂ လုံး၊ ကျည်ဆံ ၆၀၀ ကျော်နဲ့ ကျည်ဘောက် ၂၁ ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မှ ဦးဆောင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်မှာ စစ်တပ်က မောတောင်နယ်စပ် သိန်းခွန်ကျေးရွာအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်နေစဉ် တော်လှန်ရေးတပ်မှပြန်လည်တိုက်ခိုက်ခဲ့ရာ လေယာဉ်ကိုထိမှန်သွားတာကြောင့် မြိတ်မြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားရတယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။