မိုင်းအရှိုင်း၊ စက်တင်ဘာ ၁၄ ရက်၊ ကနီ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမကျေးရွာထဲမှာ တစ်ပတ်အကြာ တပ်လာစွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ချင်းတွင်းနွေဦးတော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးသွားခဲ့ပြီး ၄ ဦးကို အရှင်ဖမ်းမိထားတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဘက်က တပ်ဖွဲ့ဝင်တစ်ဦးက “ဟုတ်တယ်။ ကျနော်တို့ တိုက်ထုတ်လိုက်တော့ သူတို့ ခွေးပြေးဝက်ပြေး ပြေးရတာပေါ့ဗျာ။ ဖမ်းမိတာ တပ်ကြပ်တစ်ယောက်လည်းပါတယ်” ဆိုပြီး ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အဲဒီစစ်ကြောင်းကို ခြေမြန်တပ်ရင်းရဲ့ ဗိုလ်မှူးဖြစ်သူ သူရိန် ဦးဆောင်တဲ့ စစ်ကြောင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့စစ်ကြောင်းက မုံရွာ နမခ ကနေထွက်လာတဲ့စစ်ကြောင်းပဲဗျ။ တပ်မ၃၃ လက်အောင်ခံ ခမရ(၁၆) ဗိုလ်မှူး သူရိန်ဦးဆောင်တဲ့ စစ်ကြောင်းပါဗျ။”

အဲဒီစစ်ကြောင်းက စစ်အင်အား တစ်ရာကျော်ရှိပြီး ကနီမြို့နယ် ချောင်းမကျေးရွာထဲကို တပ်စွဲပြီး ၁ ပတ်အကြာမှာ တော်လှန်တပ်တွေဖက်က တိုက်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။