လွေးလာဝ်ဇာရ်၊ စက်တင်ဘာ ၁၂ ရက်၊ ကွတ်ခိုင်

တအာင်းတပ်မတော် PSLF/ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာ KTV အပြင် လောင်းကစားဝိုင်းတွေလည်း ပိတ်သင့်ကြောင်းနဲ့ တချို့ ဝပ်ရှော့ဆိုင်တွေမှာ လောင်းကစားကြောင့် အပ်နှံထားတဲ့ ကားတွေကိုရောင်းပြီး ထွက်ပြေးသွားရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွါးနေတယ်လို့ ကွတ်ခိုင်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်မြို့က အုပ်ချုပ်ရေးကို TNLA က တာဝန်ယူထားပေမဲ့ ရပ်ကွက် (၄)ရဲ့ နေရာအများစုကိုတော့ ကိုးကန့်တပ် – MNDAA က ထိန်းချုပ်ထားပြီး အဲနေရာတွေမှာ လောင်းကစားဝိုင်းတွေကို ဆက်လက်ဖွင့်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ကွတ်ခိုင်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက “ဒီလောင်းကစားဖွင့်တာ ကြာပြီ။ လောင်းကစားရော၊ ဖာတန်းရော ဖွင့်ထားတာ ရှိတယ်။ တချို့ ကားဝပ်ရှော့ပိုင်ရှင်‌တွေက အဲမှာ သွားသွားဆော့ပြီးမှ ရှုံးလို့ သူ့ဆီလာပြင်ထားတဲ့ ကားတွေ ပြန်ရောင်းစားပြီးမှ ထွက်ပြေးတာ။ တစ်ဆိုင်မကဘူး။ ၃၊ ၄ ဆိုင်တောင်ရှိပြီ။ အရင်ကဆို အဲပန်းခြံက သူများလည်တဲ့နေရာပေါ့ အခုက ကိုးကန့်တွေအုပ်ချုပ်တော့ လောင်းကစားဝိုင်းနေရာဖြစ်သွားပြီ” လို့ ပြောပါတယ်။

အဲဒီ လောင်းကစားဝိုင်းကြောင့် ခိုးဆိုးလုယက်မှုတွေအပြင် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ လူကုန်ကူးမှုတွေ ပိုများလာတယ်လို့ နောက်ထပ် ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“လောင်းကစားဝိုင်းက နေ့စဉ်နေ့တိုင်း အဆက်မပြတ်ရှိနေဆဲပါပဲ။ လောင်းကစားဝိုင်းတွေရှိနေတော့ ခိုးဆိုးလုနှိုက်မှုတွေများလာတယ်။ အပျော်အပါးတွေများတော့ စိတ်ပိုင်းရုပ်ပိုင်းအကြမ်းဖက်မှု၊ လိင်ပိုင်းအကြမ်းဖက်မှု၊ လူကုန်ကူးမှုကအဆုံး ကွတ်ခိုင်မှာ ပိုပိုများပြားလာပါတယ်။ လောင်းကစားလည်း KTVနဲ့ ထိုးနည်းတူဘဲ ကွဲသွားတဲ့ အိမ်ထောင်ရေးတွေလည်း မနည်းဘူး။ ဒါကြောင့် အနှိပ်ခန်း၊ KTV အားလုံး ပိတ်သင့်ပါတယ်” လို့ ပြောပါတယ်။

ဖွင့်ထားတဲ့ လောင်းကစားတွေဟာ ခြောက်ကောင်ဂျင်၊ လေးကောင်ဂျင် စုစုပေါင်း ၁၀ ခုံကျော််တယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

အဲဒီလောင်းကစားဝိုင်းဟာ တရုတ်နှစ်သစ်ကူး မတိုင်ခင်မှာ စတင်ဖွင့်လှစ်ထားပြီး နှစ်သစ်ကူးအတွင်းသာ ဖွင့်မယ်လို့ ပြောပေမဲ့ အခုအချိန်အထိ ဆက်လဲဖွင့်နေဆဲ ဖြစ်ပါတယ်။

ကွတ်ခိုင်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်မှာ TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။