ဓာတ်ပုံ – Local(ပုံဟောင်း)

လွေးလာဝ်ဇာရ်၊ စက်တင်ဘာ ၁၀ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး ထပ်မံသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း ၁၀ ဦးအထိ ရှိခဲ့တယ်လို့ ဖားကန့်ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်ဒေသခံ Tarlin Mg က “မနေ့က စစ်ကောင်စီဘက်က အရပ်သားတွေ နေတဲ့နေရာ ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးတွေ ပစ်ခတ်လို့ အရပ်သား ထိခိုက်မှုတွေ ရှိတယ်။ ၁၀ ယောက်ကျော်တယ်။ ၁ ယောက်ကတော့ ဆေးကုသရင်း ဆုံးတယ်လို့ ကြားပါတယ်။ ၇ ယောက်က ဒဏ်ရာရပြင်းထန်တယ်။ တချို့ကျတော့ နီးစပ်ရာ ဆေးရုံ ဆေးခန်းပို့လိုက်တဲ့ဟာမျိုးတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

မနေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာလည်း ကချင်ပြည်သူ့ကာကွယ်‌ရေးတပ် KPDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်တဲ့ ဆိပ်မူကျေးရွာအုပ်စု ဆန်းကြွယ်ရွာရဲ့ ဘုရားကုန်းဘက်မှာ ‌စစ်တပ်က ဂျက်လေယာဉ်တစ်စင်းနဲ့ လာရောက်ဗုံးကြဲချခဲ့‌ပေမဲ့ လူထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။

“တိုက်ပွဲကတော့ မနေ့ကတည်းကနေ အခုထိ တိုက်ပွဲဖြစ်နေတုန်းဘဲ။ မနေ့က တော်လှန်ရေးတပ်တွေ ရှိနိုင်တယ် ယူဆပြီးတော့ တိုက်ပွဲဖြစ်တဲ့နေရာ တောတောင်ဘက်မှာ လေယာဉ်နဲ့ လာကြဲတာ။ လူထိခိုက်မှုတော့ မရှိဘူးလို့ ကြားပါတယ်”

ဆိပ်မူရွာက စာသင်ကျောင်းနဲ့ နေအိမ် ၁ လုံး၊ ဘဇံချောက်ရွာက နေအိမ် ၂ လုံး လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

မနေ့ စက်တင်ဘာ ၉ ရက် မနက်အစောပိုင်း ၁ နာရီ‌ဝန်းကျင်မှာ စစ်ကောင်စီတပ်က ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီး အလုံး ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။