ပို့လဘား၊ စက်တင်ဘာ ၁၀ ရက်၊ မိုးကုတ်
တအာင်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ ပိုက်တင်တဲ့ကားတစ်စီး တိမ်မှောက်မှုဖြစ်ခဲ့လို့ ၂ ဦးသေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦး ပြောပြချက်အရ သိရပါတယ်။
မနေ့ စက်တင်ဘာ ၉ ရက် မနက်၁၀ နာရီဝန်းကျင်မှာ မိုးကုတ်-မန္တလေးလမ်း အုန်ဒန်ရွာနဲ့ နေပူတောင်ရွာအနီးမှာ ကားတစ်စီး ဘရိတ်ပေါက်ပြီး ကမ်းပါးဝင်တိုက်မိတာ ဖြစ်ပါတယ်။
“ဘရိတ်ပေါက်ပြီး ရှေ့ကကမ်းပါးကိုဝင်တိုက်တာ။ အနောက်ကတင်ထားတာလည်းနည်းတဲ့ဝိတ် မဟုတ်တော့ အရှိန်ကြောင့် အနောက်ကသံပိုက်လုံးတွေကြားညှပ်ပြီး တခါတည်းညှပ်ပြီးဆုံးသွားတာ။ ကားသမားနဲ့ အမျိုးသမီးတခါတည်းပွဲချင်းပြီးဆုံးသွားတယ်” လို့ ဆိုပါတယ်။
အဆိုပါ သေဆုံးသွားတဲ့ အမျိုးသားနဲ့ အမျိုးသမီးဟာ နေပြည်တော်မှာ နေထိုင်သူဖြစ်ပြီး အလောင်းကိုတော့ တစ်ခါတည်း မီးသဂြိုလ်ပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်ကလည်း မင်းတံတားကနေ မိုးကုတ်မြို့ ရှောလီဝေါကျေးရွာဘက်ကို သဲတင်လာတဲ့ကားတစ်စီးက အသက် ၆၂ နှစ်အရွယ်ရှိတဲ့ အဖွားကို တိုက်မိလို့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။