ရွှေဖီမြေ၊ ဇန်နဝါရီ ၈ ရက်၊ သီပေါ

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်မှာ အမျိုးသားတစ်ဦး မိုင်းနင်းမိတာကြောင့် ခြေထောက်တစ်ဖက် ပြတ်ပြီး ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP/SSA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သီပေါ‌မြို့နယ် စံဖိတ်ရွာခံ အမျိုးသားတစ်ဦး မနေ့ ဇန်နဝါရီ ၇ ရက် မနက် ၈ နာရီကျော်မှာ ခြံထဲ မြက် ရိတ်နေချိန် မိုင်းနင်းမိတာလို့ ဆိုပါတယ်။

မိုင်းနင်းမိပြီး ဘယ်ဖက်ခြေထောက် ပြတ်သွားတဲ့ အဲဒီအမျိုးသားဟာ အသက် ၃၃ နှစ်အရွယ်ရှိတဲ့ စိုင်းအိုက်ဆိုင်ဆိုသူဖြစ်ပြီး သီပေါမြို့နယ် စံဖိတ်ရွာမှာ နေထိုင်တဲ့ လီဆူတိုင်းရင်းသား ဖြစ်ပါတယ်။

စိုင်းအိုက်ဆိုင် မိုင်းနင်းမိခဲ့တဲ့နေရာဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတုန်းက TNLA နဲ့ စစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့‌နေရာလည်း ဖြစ်ပါတယ်။

အဲဒီမိုင်းဟာ ဘယ်တပ်ဖွဲ့က ထောင်ခဲ့တဲ့မိုင်းလဲဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်‌မှာလည်း သီပေါမြို့အခြေစိုက် ‌ခြေလျင်တပ်ရင်း (ခလရ ၂၃)စခန်းအနီးမှာ သံတိုသံစ ကောက်တဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်ခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။