ဓာတ်ပုံ – WIN

ယာရူစိင်၊ စက်တင်ဘာ ၁၀ ရက်၊ ဝက်လက်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ စက်တင်ဘာ ၉ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာ ဝက်လက်မြို့နယ် သစ်ဆိပ့်၊ အင်ဒေါင်း၊ ရုံပင်ကုန်း ၊မင်းကုန်း၊ နဘဲပင်လှ၊ တပ်သာရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့ကြတာဖြစ်ပြီး အဲဒီအပြင် ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦးလည်း ရှိခဲ့ပါတယ်။

“ထိခိုက်ဒဏ်ရာရတဲ့အထဲက ကိုရင် ၁ ပါးလည်း ပါဝင်တယ်ဗျ။ ပြီးတော့ အမျိုးသမီးတွေလည်း ပါဝင်သလို အမျိုးသားတွေလည်း ထိခိုက်ဒဏ်ရာရတဲ့အထဲ ပါဝင်ပါတယ်။ သေဆုံးတဲ့ ၄ ဦးတော့ အမျိုးသားတွေပါပဲ” လို့ ၎င်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာလည်း ဝက်လက်မြို့နယ် ရုံပင်ကုန်းရွာရှိ စစ်ရှောင်တွေ နေထိုင်ကြတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာလည်း စစ်ကိုင်းမြို့နယ် စစ်ကိုင်း-ဝက်လက် ခရိုင်ချင်းဆက် လမ်းပေါ်က တောင်ရင်းရွာအနီးရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ ရပ်ထားကြတဲ့ ကားတန်းတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁၆ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်းလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၇ ရက်ကလည်း ဝက်လက်မြို့အရှေ့ခြမ်းရှိ ရှားကွဲ၊ ငါးပတ်ချောင်းနဲ့ ရေလည်မော်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂၁ ဦး သေဆုံးပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။