ဓာတ်ပုံ- Local

လွေးလာဝ်ဇာရ်၊ စက်တင်ဘာ ၇ ရက်၊ နမ့်ခမ်း

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ထဲက KTV ပိတ်တာကို လူထုတွေ ထောက်ခံပြီး ကျန်တဲ့ မြို့တွေမှာလည်း KTV၊ အနှိပ်ခန်းအားလုံး ပိတ်ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

နမ့်ခမ်းမြို့နယ်အပြင် ကျန်တဲ့မြို့နယ်တွေဖြစ်တဲ့ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်နဲ့ မိုးမိတ် စတဲ့မြို့နယ်မှာလည်း တော်လှန်ရေးကာလအတွင်း ယာယီ ပိတ်သိမ်းတာမျိုး မဟုတ်ဘဲ တော်လှန်ရေး မပြီးမချင်း ပိတ်စေချင်တယ်လို့ ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

တော်လှန်ရေးကာလမှာ ရှေ့တန်းသွားတဲ့ ရဲဘော်တွေကို အားမနာဘဲ KTV ကို တစ်လလုံး ငှားတဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက “နေရာတကာဘဲ။ ရှေ့တန်း သွားတဲ့သူတွေကို အားမနာဘဲ KTV ကို တစ်လလုံးလုံး ငှားပြီး ဝင်တာလဲ ရှိတယ်။ KTV ဝင်တဲ့ အကြောင်းအရင်းက တချို့လူတွေဆို K ရွှေတို့ လက်နက် မူးယစ်ဆေးဝါကအစ အဲမှာ အရောင်းအဝယ် လုပ်နေကြတယ်။ ရှေ့တန်းသွားတဲ့ တချို့ရဲဘော်ကြတော့ အသက်၊ သွေး၊ ချွေး ကိုယ်လက်အင်္ဂါတွေ စတေးပြီးတော့မှ အန္တရာယ်စက်ကွင်းထဲမှာ နေပြီး ထမင်းနပ်မှန်အောင်တောင် မစားရ မသောက်ရ သူတို့ရတဲ့ လစာက ဆေးလိပ်ဖိုးတောင် မကာဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် KTV ကြောင့် အိမ်ထောင် ကွဲသွားတဲ့ မိသားစုနဲ့ ပျက်စီးနေတဲ့ လူတွေလည်း အများဆုံး တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

“KTV တွေအားလုံးကို ပိတ်ပေးစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင် ကွဲသွားတဲ့သူတွေလည်း အများကြီးဘဲ။ ပြီးတော့ ပျက်စီးနေတဲ့ လူ‌ငယ်တွေလည်း အများကြီးဘဲ။ နောက်နောင် တက်လာမယ့် ကိုယ့်ရဲ့ မျိုးဆက်လူငယ်တွေလည်း မပျက်စီးစေချင်ဘူး။ KTV ကြောင့် တချို့လည်း မယားငယ်‌၊ လင်ငယ်တွေနဲ့ ထားကြတယ်။ အိမ်ထောင်ရှိ တချို့အမျိုးသမီးလည်း ပါတယ်” လို့ ပြောပါတယ်။

KTV ထဲမှာ သုံးစွဲနေတဲ့ မူးယစ်ဆေးဝါးတွေဖြစ်တဲ့ K၊ ရွှေကြောင့်လည်း မပျက်စီးသင့်တဲ့ အမျိုးသမီးငယ်၊ မပြိုကွဲသင့်တဲ့ အိမ်ထောင်သည်တွေ ပျက်စီးနေကြတယ်လို့ နမ့်ခမ်းမှ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

“အခု နမ့်ခမ်းလိုမျိုး ပိတ်တာ ကျမ ထောက်ခံတယ်။ K သောက်ပြီး အမျိုးသမီးတွေက မူးရူးပြီးတော့ မဖြစ်သင့်တာ ဖြစ်ကုန်ရော။ ပြီးတော့ တချို့အရာရှိကလည်း အကုန်လုံးတော့ မဆိုလိုဘူး သူတို့တော့ အဲမှာ ပိုက်ဆံတွေ ဖြုန်းနိုင်တယ်။ ရှေ့တန်းမှာ တိုက်ပွဲ ဝင်နေတဲ့သူတွေတော့ အစစအရာရာ မပြည့်စုံဘူး။ KTV မှာ သုံးဖြုန်းမယ့်အစား ရှေ့တန်းမှာ သုံးမယ်ဆိုရင် ဘယ်လောက်အထိ အကျိုးရှိမလဲပေါ့နော်။ အဲလိုပြောတော့လည်း ငါတို့ပိုက်ဆံရှိလို့ သုံးနိုင်ဖြုန်းနိုင်တယ်ဆိုပြီး ပြောသံတွေ ကြားနေရတယ်။ အဲလိုကြတော့ ခေါင်းဆောင်ကောင်း မပီသဘူးလို့ မြင်တယ်ပေါ့နော်။ နောက်တစ်ခုက အိမ်ထောင်ရှိတဲ့သူတွေလည်း အဲပိုက်ဆံတွေ ကိုယ့်မိသားစုကို ပေးလိုက်ရင် ဘယ်လောက်အထိ အကျိုးရှိမလဲ”

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်ကစပြီး KTV ဆိုင်တွေကို ပိတ်ထားဖို့ တအာင်းတပ်ဘက်က တရားဝင် အသိပေးထားတာဖြစ်ပြီး ဆိုင်ပိတ်ထားဖို့ ကြေညာထားတဲ့ ကာလအတွင်း စည်းကမ်း ချိုးဖောက်ပြီး ဆိုင်ဖွင့်ရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။