အိုက်ပွီး၊ စက်တင်ဘာ ၉ ရက်၊ တမူး

စစ်ကိုင်းတိုင်း တမူးမြို့နယ် မင်းသာကျေးရွာမှာ အမျိုသမီးတွေကို စစ်ကောင်စီတပ်က ကျေးရွာလုံခြုံရေးအတွက် အခြေခံစစ်သင်တန်း ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်းသာကျေးရွာဟာ ပျူစောထီးရွာဖြစ်ပြီး ရွာထဲက ပျူမိသားစုဝင်တွေနဲ့ အမျိုးသမီးတွေကို စက်တင်ဘာလ ၁ ရက်နေ့ကစပြီး အခြေခံ စစ်သင်တန်း ပေးနေတာ ဖြစ်ပါတယ်။

“မင်းသာရွာက တမူးမြို့အနားက ပျူရွာတွေပါ။ ပျူမဟုတ်တဲ့ အရပ်သားတွေက တခြားနေရာဒေသမှာ ပြောင်းရွှေ့အခြေချကုန်ပါပြီ။ အခုရွာထဲက အမျိုးသမီးနဲ့ ပျူစောထီး မိသားစုဝင်တွေကို စစ်ကောင်စီက စစ်သင်တန်းပေးနေတာပါ။” လို့ တမူးမြို့နယ်က တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်သင်တန်းကို အမျိုးသမီး ပျူစောထီးဖြစ်သူ ဒေါ်ညွန့်ကြည်က ဦးဆောင်ပြီး အမျိုးသမီး ၃၀ ကျော် တက်ရောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်၊ မိုင်း စတဲ့ သင်တန်းကိုလည်း လက်တွေ့ သင်ကြားပေးနေတယ်လို့ သိရပါတယ်။

“လက်နက်ကြီး လက်နက်ငယ် သင်တန်းပို့ချတာ တွေ့ရတယ်။ စက်တင်ဘာ ၆ ရက်နေ့က ပစ်ကွင်းဆင်းပြီး လက်နက်ကြီးတွေ၊ လက်ငယ်တွေ ပစ်ခိုင်းတယ်။ အကုန်လုံးက ပျူမိသားစုဝင်တွေပါပဲ။” လို့ တမူးမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

တမူးမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေချိန်မှာပဲ စစ်ကောင်စီတပ်က အမျိုးသမီး ပျူစောထီးတွေကို နောက်ချန်အင်အားအဖြစ် အသုံးပြုဖို့အတွက် အမျိုးသမီးတွေကို စစ်သင်တန်းပေးတာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

“လက်ရှိ တမူးမြို့နယ်မှာ တိုက်ပွဲ နေ့တိုင်းရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်တဲ့နယ်မြေမှာ အင်အားအလုံးရင်းနဲ့ စစ်ကြောင်းတွေ ထိုးတယ်။ တိုက်ပွဲတွေ ဖြစ်တယ်။ စစ်ကောင်စီဘက် အထိအနာများတယ်။ အဲလိုအခြေအနေမှာ နောက်တန်းအင်အားအတွက် အမျိုးသမီးတွေ အသုံးပြုဖို့ စစ်သင်တန်းပေးတာဖြစ်တယ်။”လို့ တမူးမြို့နယ်ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တမူးမြို့နယ် နမွန်းတားကျေးရွာကို စစ်ကောင်စီက စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး နမွန်းတားကျေးရွာအပြင် အနီးအနားကျေးရွာတွေကိုလည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။