ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်နဲ့ တန့်ယန်းမြို့နယ်အစပ်မှာရှိတဲ့ တောင်ပေါ်ကျေးရွာတွေမှာ မြို့နဲ့လည်း အလှမ်းဝေးပြီး ဆေးရုံဆေးပေးခန်းတွေ မရှိတာကြောင့် တစ်နှစ်မှာ မသေဆုံးသင့်ပဲ သေဆုံးနေရသူ အနည်းဆုံး နှစ်ဦးနဲ့ အထက်မှာ ရှိနေပါတယ်။
အထူးသဖြင့် ခံနိုင်ရည်အားနည်းတဲ့ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ သက်ကြီးရွယ်အိုတွေက သေဆုံးကြရတာဖြစ်ပါတယ်။
ရွှေဖီမြေက မြေပြင်ကွင်းဆင်းပြီး အဲဒေသက အခြေအနေတွေကို ရိုက်ကူးတင်ဆက်ပေးထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။