ဓာတ်ပုံ – Local

ပို့လဘား၊ စက်တင်ဘာ ၉ ရက်

တအာင်းတပ်ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်နဲ့ ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ်မှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင် အယောက် ၂ ထောင်ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ ဇာတိမြေကျောက်မဲ ပရဟိတအသင်းက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်မှာ နောင်ချို၊ ကျောက်မဲ၊ နောင်ပိန်က ဒေသခံတွေဟာ သီပေါမြို့နယ် ဘော်ကြိုနဲ့ ဆွတ်လန်းကျေးရွာဘက်ကို လာရောက်စစ်ရှောင်နေကြတာဖြစ်ပြီး စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ဆားတွေအပြင် ဆေးဝါးတွေကိုလည်း အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

“သူတို့ ဘော်ကြိုဘက်မှာ အရင်ရှောင်လာတာ။ အဲမှာမဆန့်တော့ ဆွတ်လန်းဘက် ပို့လိုက်တယ်။ အခု စစ်ရှောင်၂ထောင်ကျော်က လားရှိုးမြို့ထဲ ပို့ထားတဲ့စာရင်းမပါသေးဘူး။ လားရှိုးသီးသန့်ပဲ ထားပေးလိုက်တယ်။ သူတို့ဘက်မှာလည်း အလှူ‌ရှင်တွေ တအားပေါတယ်လေ။ အခုဆွတ်လန်းနဲ့ ခေးနင်းဘက် ရောက်လာတဲ့ စစ်ရှောင်တွေပဲ။ ဒီဘက်မှာ လာလှူတဲ့သူတွေလည်း သိပ်မရှိဘူး။ သူတို့ ဆန်တွေအရမ်းလိုအပ်တယ်။ မနေ့သွားကူတာ ဆွတ်လန်းတစ်နေရာကို စစ်ရှောင် ၁၅၀ ပဲရှိတာ။ သူတို့တောင်မှ ဆန်ကုန်နေတဲ့အခြေနေလေး ရောက်နေပြီ။ လူတွေအရမ်းများပြီး အလှူငွေတွေလည်း အရမ်းနည်းလို့ အများကြီးမလှူနိုင်ဘူး။ တစ်ယောက်ကို ဆန်က ၃ ပြည်၊ ဆီက ၁ ပိဿာ၊ ကြက်ဥ တစ်ကဒ် အဲလိုပဲလှူပေးခဲ့တယ်” လို့ ပြောပါတယ်။

စစ်ရှောင်လာကြတဲ့သူတွေဟာ နောင်ချို၊ နောင်ပိန်၊ ကျောက်မဲနဲ့ သီပေါမြို့နယ်က ဒေသခံအများစုဟာ လေကြောင်းအန္တရာယ် စိုးရိမ်နေကြတာဖြစ်ပြီး သီပေါမြို့နယ် ဆွတ်လန်း‌ကျေးရွာနဲ့ ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ် ခေနင်း၊ စံဖြတ်ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာဘက်ကို စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲကြောင့် ဒေသခံ သောင်းနဲ့ချီဟာ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။