ရွှေဖီမြေ၊ စက်တင်ဘာ ၈ ရက်

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာ၊ သတ်ဖြတ်ခံရတာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေကြောင့် တစ်လအတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး ၇၃ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဒီနေ့ စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်ကနေ ၃၁ ရက်အထိ တစ်လအတွင်း မန္တလေးတိုင်းက အမျိုးသမီး ၂၇ ဦးနဲ့ သေဆုံးမှု အများဆုံးဖြစ်ပြီး မကွေးတိုင်းက ၁၄ ဦး၊ ကရင်ပြည်နယ်က ၈ ဦး၊ စစ်ကိုင်းတိုင်းက ၇ ဦး၊ ရခိုင်ပြည်နယ်က ၇ ဦး၊ ကချင်ပြည်နယ်က ၄ ဦး၊ ပဲခူးတိုင်းက ၄ ဦး၊ ရှမ်းပြည်နယ်က ၁ ဦးနဲ့ တနင်္သာရီတိုင်းက ၁ ဦး စုစုပေါင်း အမျိုးသမီး ၇၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ ၇၃ ဦးထဲမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၅၄ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၇ ဦး၊ သတ်ဖြတ်ခံရသူ ၈ ဦး၊ မီးရှို့သတ်ဖြတ်ခံရသူ ၃ ဦး၊ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံသူ ၁ ဦး ပါဝင်ပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး ၅၄ ဦး၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ၂၂ ဦးနဲ့ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ၄ ဦး စုစုပေါင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး ၈၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေဟာ တိကျခိုင်လုံတဲ့ သတင်းမီဒီယာအချက်အလက်တွေနဲ့ မြေပြင်ကနေ ရရှိတဲ့ အချက်အလက်တွေကို စုဆောင်းမှတ်တမ်းတင်ထားတာဖြစ်ပြီး အချက်အလက်စုဆောင်းဖို့ လက်လှမ်းမမှီနိုင်တဲ့ နေရာတွေ ရှိနေတာကြောင့် မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လအတွင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၆၄ ဦး သေဆုံးခဲ့ပြီး ၈ဝ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ တစ်လအတွင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၉၂ ဦး သေဆုံးခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။