ရွှေဖီမြေ၊ စက်တင်ဘာ ၆ ရက်၊ မူး
ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်ထားတဲ့ ခလယ်လွီထူခရိုင် မူးမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်က မူးမြို့နယ် ဆိပ်ကြီးကနေ ငထွေထုပ်ရွာအတွင်း စစ်တပ်က ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တာကြောင့် အသက် ၆၂ နှစ်အရွယ် ဒေါ်ဆန်းတင့်က ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အလားတူ စက်တင်ဘာ ၂ ရက်ကလည်း နတ်သံကွင်းကနေ ရေလဲအရှေ့ဘက်ကမ်းရွာနဲ့ အနောက်ဘက်ကမ်းရွာတွေကို ၁၂၀ မမ လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၇ နှစ်အရွယ် စောဖါးလါးမူးခေါ် မောင်လူပေ သေဆုံးခဲ့ပြီး အသက် ၇၅ နှစ်အရွယ် ဦးအောင်သိန်း ဒဏ်ရာ ရရှိခဲ့ပါတယ်။
KNU ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ လူထုတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူနဲ့ အိုးအိမ်ပစ္စည်း ပျက်စီးမှု ရှိနေတယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။