မြတ်နိုး၊ ဇန်နဝါရီ ၈ ရက်၊ မံစီ

ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့ဝောာ်ဖြစ်တဲ့ ဗန်းမော်မြို့အနီးက မံစီမြို့အခြေစိုက် စစ်ကောင်စီရဲ့ လက်ကျန်စခန်းအားလုံးကို ဒီနေ့ ဇန်နဝါရီ ၈ ရက် မနက် ၁၀ နာရီကျော်မှာ KIA နဲ့ ပူးပါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“မံစီ သိမ်းပြီး ပြန်လာပြီ။ မံစီ အပြီးသတ် သိမ်းလိုက်ပြီ။ ကျနော်တို့က ၃၁၉ နဲ့ ၆၀၁ သိမ်းပြီး ပြန်လာတာ” လို့ ရှေ့တန်း သတင်းရင်းမြစ် ၂ ဦးက ပြောပါတယ်။

မံစီရှိ စစ်ကောင်စီရဲ့ နောက်ဆုံး လက်ကျန်စခန်းဖြစ်တဲ့ ခြေမြန်တပ်ရင်း (ခမရ ၃၁၉၊ ၆၀၁)၊ အမြှောက်တပ် (အမတ ၃၅၂) စတဲ့တပ်စခန်း သုံးခုစလုံးကို ကချင်တပ်မတော်- KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်လိုက်တာလို့ ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးကလည်း ပြောပါတယ်။

တပ်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကိုတော့ လိုက်လံ ရှင်းလင်းနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

မံစီတိုက်ပွဲမှာ ခမရ ၆၀၁ က ဗျူဟာမှူး သေဆုံးခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းနဲ့ ဖမ်းဆီးရမိထားတဲ့ သုံ့ပန်း အများစုလည်း ရှိတယ်လို့ ဆိုပါတယ်။

မံစီမြို့ရဲ့ သုံးပုံနှစ်ပုံခန့်ကို KIA နဲ့ ပူး‌ေပါင်း တော်လှန်ရေးတပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၂၅ ရက်ကတည်းက ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တစ်ခုမှာလည်း မံစီရှိ ခမရ ၃၁၉၊ ၆၀၁၊ အမတ ၃၅၂ တပ်စခန်းတွေ တပ်ဆုတ်သွားပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်ကစ ဗန်းမော်နဲ့ မံစီမြို့ကို KIA နဲ့ ပူး‌ေပါင်းတော်လှန်ရေး တပ်ဖွဲ့တွေက တစ်ချိန်တည်း ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ဗန်းမော်မြို့မှာတော့ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။