ဓာတ်ပုံ- Local

မိုင်းရူပ၊ ဇန်နဝါရီ ၈ ရက်

ရှမ်းမြောက်က ကြံစိုက်ပျိုးထားတဲ့ဒေသမှာ ကြံတွေ စခုတ်နေပြီး ကြံ ၁ တန်ကို တရုတ်ငွေ ယွမ် ၃၀၀ ကျော် (ကျပ် ၁ သိန်းခွဲဝန်းကျင်) စျေးရတယ်လို့ ကြံတောင်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

ရှမ်းမြောက် သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာနဲ့ မိုင်းယုလေး၊ မူဆယ် ၁၀၅ မိုင်၊ ပန်ဆိုင်း (ကြူကုတ်)မြို့နဲ့ မုံးကိုးမြို့မှာ ကြံတွေကို အဓိက စိုက်ပျိုးကြတာ ဖြစ်ပါတယ်။

ကြံစိုက်တောင်သူတစ်ဦးက “တရုတ်ငွေ ၃၀၅ ကျပ် ပေးမယ်လို့ ပြောတယ်။ နမ့်ဖတ်ကာတစ်ကြောကထွက်တဲ့ ကြံတွေကိုတော့ နမ့်အွမ်က ကြံစက်ရုံမှာ အဓိက ပို့တာ” လို့ ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိ ရှမ်းမြောက်က ကြံစိုက်တဲ့နေရာအများစုမှာ ကြံ စခုတ်နေပေမဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနဲ့ မိုင်းယုလေးမှာတော့ လမ်း ပြုပြင်နေဆဲ ဖြစ်တာကြောင့် ကြံ မခုတ်နိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။

ဒီနှစ် ကြံခုတ်ရာသီမှာ ကြံခုတ်သူတွေအတွက် ကြံ ၁ စည်းကို ၅၀၀ ကျပ် ပေးတယ်လို့ သိန္နီမြို့နယ်မှာ ကြံခုတ်နေတဲ့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကိုယ့်ဟာကိုယ်စား ၁ စည်း ၅၀၀ ပေးတယ်။ ၁ စည်းကို အချောင်း ၂၀ ထည့်ရတယ်”

ပြီးခဲ့တဲ့နှစ်က ကြံစိုက်ရာသီမှာတော့ ကြံ ၁ တန်ကို တရုတ်ငွေ ယွမ် ၂၈၀ ရရာကနေ ဒီနှစ်မှာ ကြံ ၁ တန်ကို တရုတ်ငွေ ၃၀၀ ကျော် ဈေးတက်လာပေမဲ့ အဆမတန် မြှင့်တက်လာတဲ့ ကုန်စျေးနှုန်းကြောင့် ဒေသခံတွေအတွက် မကာမိဘူးလို့ ကြံစိုက်တောင်သူက ပြောပါတယ်။

ရှမ်းမြောက်မှာထွက်တဲ့ ကြံတွေကို မူဆယ်မြို့နယ် နမ့်အွမ်ရွာရှိ သကြားစက်ရုံ၊ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့နဲ့ ချင်းရွှေဟော်ဂိတ်ကနေတဆင့် တရုတ်နိုင်ငံဘက်ကို တင်ပို့ကြတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။