ရွှေဖီမြေ၊ စက်တင်ဘာ ၃ ရက်
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ ဖားအံခရိုင် ပိုင်ကျုံ(တာကရယ်) မြို့နယ် နောင်တခီးကျေးရွာမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဒီနေ့ စက်တင်ဘာလ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
နောင်တခီးကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဒီနေ့ စက်တင်ဘာ ၃ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးတစ်ဦး၊ ဆရာမတစ်ဦးနဲ့ ဆရာတစ်ဦး စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိတာ ဖြစ်ပါတယ်။
စစ်ကောင်စီ လာရောက်ဗုံးကြဲချိန်မှာ ကလေးတွေ စာသင်ကျောင်း တက်ရောက်နေတဲ့ အချိန်ဖြစ်သလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းရုံးခန်းတစ်လုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီစာသင်ကျောင်းဟာ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန (KECD) လက်အောက်ရှိ ကော်သူးလေကျောင်းအမှတ် (၇၀၈၂) နော်တခီး အခြေခံပညာ အလယ်တန်းကျောင်းဖြစ်ပြီး စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ကာမီကာဇယ်ဒရုန်းနဲ့ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။