ရွှေဖီမြေ၊ သြဂုတ် ၃၁ ရက်
တအာင်းပြည် ပညာရေးကောင်စီ- TLEC က ဦးဆောင်ဖွင့်လှစ်နေတဲ့ တအာင်းပညာရေး အကယ်ဒမီကျောင်း- TEA အပတ်စဉ် ၃ အတွက် ဒီပလိုမာအတန်း စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။
ဒီပလိုမာအတန်းကို လာမယ့် နိုဝင်ဘာလမှာ ဖွင့်လှစ်မှာဖြစ်ပြီး လျှောက်ထားလိုသူတွေအနေနဲ့ အောက်တိုဘာ ၁ဝ ရက် နောက်ဆုံး ထားပြီးတော့ လျှောက်ထားရမှာ ဖြစ်ပါတယ်။
လျှောက်ထားနိုင်သူတွေကတော့ တအာင်းလူမျိုးအပြင် တခြားသော တိုင်းရင်းသားတွေလည်း လျှောက်ထားနိုင်ကြောင်း ဒီပလိုမာသင်တန်း ခေါ်စာထဲ ထည့်သွင်းဖော်ပြထားပါတယ်။
ဒီပလိုမာအတန်းကို လူဦးရေ ၁၅ဝ လက်ခံမှာဖြစ်ပြီး ၂ နှစ်ကြာ တက်ရောက်ရမှာဖြစ်သလို တက်ရောက်အောင်မြင်သူတွေဟာ TLEC က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမှာ အနည်းဆုံး ၃ နှစ် ပြန်လည် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
TEA ကျောင်း အပတ်စဉ် ၁ နဲ့ ၂ မှာ သင်တန်းသူ သင်တန်းသား ၂၇၅ ဦး တက်ရောက်အောင်မြင်ခဲ့ပြီး TLEC က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။