ဓာတ်ပုံ- Local

လွေးလာဝ်ဇာရ်၊ ဇန်နဝါရီ ၇ ရက်၊ မိုင်းကိုင်

ရှမ်းတောင် မိုင်းကိုင်မြို့နယ် ပန်ကေတု‌ကျေးရွာအုပ်စု မောက်လျန်ရွာအနီး ပေါက်ကွဲမှုတစ်ခု ဖြစ်လို့ဆိုပြီး ရွာခံ ၉ ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

မနေ့ ဇန်နဝါရီ ၆ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် မောက်လျန်ရွာက အမျိုးသား ၉ ဦးကို SSPP တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

SSPP ဖမ်းဆီးသွားတဲ့ ရွာခံ ၉ ဦးထဲမှ ၈ ဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ တစ်ဦးကိုတော့ ပြန်မလွှတ်ပဲ ဖမ်းဆီးထိန်းသိမ်းထားဆဲလို့ သိရပါတယ်။

“မနေ့က မောက်လျန်ရွာနားမှာ ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်တယ်။ အဲရွာကလူတွေ အဲပေါက်ကွဲမှု သံသယကြောင့် ကိုးယောက် ဖမ်းခံရတယ်။ ရှစ်ယောက်ကတော့ ပြန်လွှတ်လာပြီ။ တစ်ယောက်က ထိန်းထားနေဆဲဖြစ်တယ်” လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထား‌ရတဲ့ အမျိုးသားဟာ ၄၇ နှစ်အရွယ်ရှိ ဦးကြည်ညွန့်ဆိုသူဖြစ်ပြီး သူ့ကို ဘာကြောင့် ပြန်မလွှတ်ပေးသေးလဲဆိုတာကိုတော့ သေချာမသိရဘူးလို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

“ဖမ်းခံရတဲ့သူတွေ အကုန်လုံးက အမျိုးသားတွေဘဲ။ အမျိုးသမီး မပါဘူး။ သူတို့ပြောတာတော့ ဗုံးပေါက်ကွဲချိန် တွေ့လားတဲ့။ မတွေ့ဘူးပြောရင် ပြန်လွှတ်ပေးတယ်။ အဲတစ်ယောက်ကို ဘာကြောင့် ဖမ်းထား‌နေတုန်းလဲဆိုတာ မသိရဘူး”

ဒါ့အပြင် ပန်ကေတုအုပ်စုထဲက ကျေးရွာခံတွေကိုလည်း SSPP တပ်ဖွဲ့က စစ်ဆေးမှု ပြုလုပ်မယ်ဆိုပြီး တောင်ယာ၊ လယ်ယာသို့ မသွားခိုင်းဘူးလို့ သိရပါတယ်။

ဦးကြည်ညွန့်ကို SSPP က ဖမ်းဆီးထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီး တုန့်ပြန်ချက်ရဖို့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်ကို ဖုန်း‌နဲ့ အကြိမ်ကြိမ် ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

မိုင်းကိုင်မြို့နယ်မှာ SSPP က တပ်သားသစ် စုဆောင်းတာနဲ့ ကျေးရွာအုပ်စုတွေမှာ ငွေတောင်းတာတွေ မကြာခဏ လုပ်ဆောင်နေတယ်လို့ မိုင်းကိုင် ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။