လားရှိုးခရိုင် မိုင်းယော်တိုက်နယ်အဆုံး သံလွင်မြစ်ရဲ့ အနောက်ဘက်က တောင်စောင်းမှာတစ်ခုပေါ်မှာ တည်ရှိတဲ့ ဖာလိုင်ကျေးရွာမှာ ဗမာစကားတတ်မြောက်သူ မရှိပါဘူး။
ဒီရွာမှာ ကျောင်းဆရာအဖြစ် အခုနှစ်ထဲမှာ တာဝန်ကျတဲ့ အသက် ၂၁ အရွယ် မိုင်းအောင်မျိုးဇော်ကတော့ ရပ်ရွာက ကလေးသူငယ်တွေကို ဗမာစကားပြောဆိုနိုင်အောင် စတင်သင်ကြားပေးနေပါပြီ။
နေ့ခင်းဘက်မှာ ကျောင်းစာတွေ သင်ကြားပေးပြီး ညဘက်တွေမှာတော့ ကျောင်းတက်ခွင့်မရကြတဲ့ ကလေးတွေကို ဗမာစာနဲ့ ဗမာစကားသင်ပေးတာ ဖြစ်ပါတယ်။
သင်ကြားပေးတာနဲ့ ပတ်သက်ပြီး မိုင်းအောင်မျိုးဇော် ပြောပြထားတာကို ဒီရုပ်သံမှာ ကြည့်ရှု့နိုင်ပါပြီ။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။