ဓာတ်ပုံ- PNLA

လွေးဇွန်မိုး၊ ဇန်နဝါရီ ၇ ရက်၊ ဆီဆိုင်

ရှမ်းတောင် ဆီဆိုင်မြို့နယ် ထီစုံကျေးရွာထဲ စစ်ကောင်စီတပ်က ဒရုန်းနဲ့ မီးလောင်ဗုံး ကြဲချတိုက်ခိုက်လို့ နေအိမ် ၂ လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ပအိုဝ်းတပ်မတော်- PNLA က ဒီနေ့ ဇန်နဝါရီ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။

မနေ့ ဇန်နဝါရီ ၆ ရက် မနက် ၉ နာရီမှာ လွယ်ထွယ်ရွာထဲ တပ်စွဲထားတဲ့ စစ်တပ်က ထီစုံရွာဘက် ဒရုန်းနဲ့ မီးလောင်ဗုံး ကြဲခဲ့တာဖြစ်ပြီး မီးလောင်တဲ့ နေအိမ်ကို PNLA တပ်က မီးငြိမ်းပေးခဲ့တယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။

“လွယ်ထွယ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒရုန်းနဲ့ လာကြဲတာပေါ့နော်။ ထီစုံကျေးရွာထဲကို ကြဲတာ။ သူတို့က နေ့တိုင်းလိုလို အဲလိုမျိုး ရွာထဲကို ဒရုန်းတွေနဲ့ ဗုံးကြဲတော့ ရွာသူရွာသားတွေလည်း ရွာထဲမှာ မနေရဲကြတော့ဘူး”

စစ်တပ်က ဗုံးကြဲတဲ့ ထီစုံရွာဟာ တိုက်ပွဲ ဖြစ်ပွားတာမရှိသလို တော်လှန်ရေးတပ်ဖွဲ့ တပ်စွဲထားတာလည်း မရှိဘူးလို့ ခွန်ရိန်းယံက ပြောပါတယ်။

ထီစုံရွာကို စစ်တပ်က နေ့တိုင်းနီးပါး ဒရုန်းနဲ့ လက်နက်ကြီး အသုံးပြုပြီး တိုက်ခိုက်နေတာကြောင့် ထီစုံရွာက နေအိမ် ၂၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ PNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။