(Burmese below)
ရိုဆေအောႏ။
ရံပ်ရိုႈဘိုး တကခံပ်ကယည် ပ်ုန်ပ္လိူရ်ႈဟြာင်းဒဲႈ ဖုင်ယဲဆျှိုည်ဖီမျေ ဆငည်းရႎါည်း တောန်နှားနီန်အောႏ။
ဆဒါင်ပ်ုန်နံင်ပ္လိူရ်ႈဟြာင်းဒဲႈ နှားနီန်မိုႈ
~ ဆဒါင် UWSA ကဲ ပ္လိူရ်ႈလေႈဒါႈ ကဲအာဝ်ကဇောည်ဒဲႈယာ့် ဂြိုခြီုင်လာက်နာက်ကာည်း ရိူန်းနှာင် တတံပ်ဆီုက်တအာင်း TNLA၊ တံပ်ကိုကာင် MNDAA ကာည်း တံပ်ဆီုက်ဆျှံမ် SSPP ကဲ
~ ဆဒါင် ဂေါႇပ္လေါည်ကတီုက်နီန် အီႎဲႈဖေးႎဲႈနာန်း ကာည်း အီကတူးဖေး တိုအီးနောင်ပိန်ကဲ 34 အီး လို ကနဲတ်ကမှည် ပ်ုန်ကဇောည်
~ ယာအာမ်ဆဲင်ႏကဲ အူကောန်အူမာနီန် ဘိူည်လောတ်ဘိုန်းဒါႇဖေးရာန်မာ် မောကံပ်ရောတ်ကဇေန်နီး ဘ်ုပ်ဂေါည်ဟာဝ်းလိူည် ခနားယော အယ်နံင်ယိူဝ်းအယ်တငါဝ်း ဆဒါင်ကဲဂဲနီန်အောႏ။
မင်္ဂလာပါ။
တအာင်းဘာသာနဲ့ အပတ်စဉ် တနင်္လာနေ့ ညပိုင်းမှာ တင်ဆက်ပေးနေတဲ့ ရွှေဖီမြေရဲ့ ရုပ်သံအစီအစဉ်ကနေ ပြန်လည် ကြိုဆိုပါတယ်။
ဒီတစ်ပတ် ကြားရမယ့် သတင်းတွေကတော့
~ တအာင်းတပ် TNLA, ကိုးကန့်တပ် MNDAA နဲ့ ရှမ်းတပ် SSPP ကို လက်နက်နဲ့ ငွေကြေး မကူညီပေးတော့ဘူးလို့ UWSA ကြေညာလိုက်တဲ့သတင်း
~ တိုက်ပွဲကြောင့် နောင်ပိန်က ဒဏ်ရာရသူ ၃၄ ဦးနဲ့ စစ်ရှောင်တွက် အရေးပေါ်အကူအညီ လိုအပ်နေတဲ့သတင်း
~ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပေမဲ့ လက်ရှိအချိန်ထိ စိုးရိမ်မှုတွေကြား ဆက်လက် ရှင်သန်နေရတဲ့ ဒေါ်အမ်ဆိုင်တို့ သားအမိအကြောင်း စတာတွေကို ကြည့်ရှုနားဆင်ရမှာဖြစ်ပါတယ်။
ဆဒါင်ဖုင်ယဲဆျှိုည်ဖီမျေဂဲနီန် အာဝ်ႎံန်းလိူည် ခေဲင် Facebook ကာည်း Website ဘိူန်းဘိုးဒီရ်ႈ၊ ဆဒံင်တငါဝ်း ခေဲင်ချှံန်နယ် ပ်ုန်ကိက်ပ္လေႈအူန်း ရခြူမ်ကဲနီန်အောႏ။