ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ ဩဂုတ် ၂၆ ရက်၊ မိုင်းရယ်

စစ်ကောင်စီတပ် အုပ်ချုပ်နေတဲ့ ရှမ်းမြောက် မိုင်းရယ်မြို့အဝင်အထွက်ရှိတဲ့ စစ်တပ်ဂိတ်မှာ ဂိတ်လုံခြုံရေးအတွက်ဆိုပြီး စစ်ကောင်စီတပ်တွေက ကုန်ကားသမားတွေထံ ငွေကြေး အဆမတန် ကောက်ခံနေတယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကုန်ကားတစ်စီးကို ဗျူဟာမှူးကြေးဆိုပြီး ဒုဗိုလ်မှူးကြီး မျိုးမောင်မောင်က ၁ သိန်းကနေ ၁ သိန်း ၃ သောင်းအထိ၊ တန့်ယန်းက ခရိုင်မှူးကြေးဆိုပြီး တစ်စီးကို ၇ သောင်း၊ တန့်ယန်းမြို့အမြောက်တပ်က ဗိုလ်မှူးဇော်ဇော်အတွက်ဆိုပြီး ၃ သောင်း၊ ရဲတပ်ဖွဲ့က စခန်းနယ်ထိန်းကြေးဆိုပြီး တစ်စီးကို ၈ သောင်းအထိ ကောက်ခံတာလို့ ဆိုပါတယ်။

“မြို့အဝင်အထွက် အဲဒီကဘဲ ကောက်တာ။ အပေါ်ကြေး အောက်ကြေးစသဖြင့် အကုန်ကောက်တာ။ ကျွဲနွားတင်ကား တစ်စီးကိုကျတော့ ဗျူဟာမှူးကြေးအတွက် ၁၂ ဘီး တစ်စီးကို ၃ သိန်းခွဲ ပေးရတယ်။ ရဲတပ်ဖွဲ့တွေထံ ၂ သိန်းခွဲ ပေးဆောင်ရတယ်။ တန့်ယန်းရဲ ခရိုင်မှူးကြေးဆိုပြီး နောက်ထပ် ၂ သိန်း ပြန်ပေးရတယ်” လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

သူတို့တွေကိုအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ကိုလည်း တစ်စီးကို ၃ သောင်း၊ ကျွဲနွားတင်တဲ့ ကုန်တင်ကားတစ်စီးကို ၇ သိန်းခွဲအထိ ပေးဆောင်ရတယ်လို့ ပြောပါတယ်။

“အိမ်စီးကားတော့ ဟိုလိုမကောက်ဘူး။ မုန့်ဖိုးလောက် လူကြည့်ကောင်းအောင်တော့ တောင်းတာပေါ့။ တောင်ကြီး လားရှိုး ခရီးသည်ဆွဲတဲ့ ကားအသေးတွေဆိုရင်တော့ ပေးရတာပေါ့။ ကားသမားတွေကို သနားပါတယ်။ သွားလာတဲ့ ပြည်သူတွေကိုလည်း မကြည့်ကြဘူး။ သူတို့ ပိုက်ဆံရဖို့ဘဲ သိကြတယ်” လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

အဲဒီဂိတ်မှာ တစ်ရက်ကို ပျမ်းမျှအားဖြင့် ကားအစီးရေ ၄၀ ကနေ ၆၀ စီးအထိ ဖြတ်သန်းသွားလာနေကြတာဖြစ်ပြီး လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက အခုလို ငွေ အဆမတန် ကောက်ခံတာတွေကြောင့် ကားသမားတွေ အခက်တွေ့နေကြတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဂိတ်တွေမှာ လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါး စတာတွေကို ဖော်ထုတ်ဖမ်းဆီးတာမျိုးမလုပ်ပဲ လုံခြုံရေးအကြောင်းပြပြီး ငွေကောက်ခံဖို့သာ အားစိုက်နေတာလို့ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။