(Burmese below)
“After the airstrike, people were hit. I heard the family from the house behind ours calling out for their mother, but she had already died. I didn’t know what to do. I was so worried about my child that I carried him along the road where people were shouting for help. Some people died. That night was horrible for me.”
Although Daw M Seng and two other family members fortunately escaped with their lives, they still must live with fear.
Around 1 a.m. on July 30, as people were sleeping, the junta’s military dropped two bombs from a fighter jet on the Yar Suthit (2) Hotel. The hotel is in Ward 2, Kutkai Township, a region controlled by the Ta’ang National Liberation Army (TNLA) in northern Shan State.
ဝေဟင်ကပေးတဲ့ စိတ်ဒဏ်ရာ
“လေယာဉ်နဲ့ ဗုံးကြဲပြီးတဲ့နောက် လူလည်း ထိကုန်ပြီလေ။ ကျမတို့ အိမ်နောက်ကလည်း သူတို့အမေကို အော်ခေါ်နေတာ။ အဲအချိန် သူတို့အမေ ဆုံးနေပြီ။ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး။ ကျမလည်း ကိုယ့်ကလေးဇောနဲ့ဆိုတော့ ကလေးကို ပွေ့ပြီး ခေါ်သွားတာ။ ဟိုဘက်လည်း ကယ်ကြပါအုံး ဒီဘက်လည်း ကယ်ကြပါအုံးလို့ အော်ခေါ်နေကြတာ။ သေတဲ့သူက သေ၊ အဲညက အရမ်းကြောက်ဖို့ ကောင်းတယ်”
ကံကောင်းထောက်မစွာနဲ့ ဒေါ်အမ်ဆိုင်တို့သားအမိ ၃ ဦး အသက်ဘေးကနေ လွတ်မြောက်ခဲ့ပေမဲ့ လက်ရှိအချိန်ထိ စိုးရိမ်ကြောင့်ကြမှုတွေကြား ဆက်လက် ရှင်သန်နေရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက် လူအများ အိပ်မော ကျနေချိန် မနက် ၁ နာရီဝန်းကျင်မှာ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ ရပ်ကွက် ၂ ရှိ ရာစုသစ်(၂) ဟိုတယ်ကို စစ်တပ်က ဂျက်လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သားတွေ သေဆုံးဒဏ်ရာ ရခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။