ဓာတ်ပုံ – CJ

လွေးလာဝ်ဇာရ်၊ ဩဂုတ် ၂၄ ရက်၊ နမ့်ခမ်း

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် ကောင်းဆာရွာအထက်နားရှိ မြေဆက်ကျောင်းက ကျောင်းထိုင်ဆရာတော်တစ်ပါး ဓားနဲ့ ခုတ်သတ်ခံခဲ့ရတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အဲဒီဘုန်းကြီးဟာ နမ့်စရီးကျေးအုပ်စု ပန်စံရွာနဲ့ ကောင်းဆာရွာကြားက မြေဆက်ကျောင်းမှာ သတင်းသုံးနေတာဖြစ်ပြီး ဒီနေ့ ဩဂုတ်လ ၂၄ ရက် မနက်အစောပိုင်းမှာပဲ အသတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက “ဘုန်းကြီးက တစ်ပါးထဲဘဲ နေတာ။ ရွာထဲတော့ မနေဘူး။ ဒီ သုံးလေးရက်က ပန်းရန်သမားတွေခေါ်ပြီး ကျောင်းဆောက်နေတာ။ သူ့ကျောင်းက တိုက်ပွဲတုန်းက ဗုံးကြဲခံရတယ်။ ဒီနေ့ မနက်မှဘဲ ဓားဒဏ်ရာတွေနဲ့ ခုတ်ခံရတယ်။ ပန်းရန်သမားတွေ ရောက်လာတဲ့ အချိန်မှာ ဘုန်းကြီးက ပျံလွန်တော်မူသွားပြီ။ သွေးတွေချည်းဘဲ” လို့ ပြောပါတယ်။

အသတ်ခံရတဲ့ ဘုန်းကြီးဟာ သက်တော် (၅၀) ကျော်ရှိပြီး သူ့ရဲ့ ရုပ်ကလပ်ကိုတော့ နမ့်ခမ်းဆေးရုံကြီးမှာ စစ်ဆေးဖို့ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

အဆိုပါဘုန်းကြီး ဘာကြောင့်သတ်ဖြတ်ခံရတယ်ဆိုတာကို သေချာမသိရသေးပဲ ဖြစ်စဉ်အသေးစိတ်ကိုတော့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

“ဘုန်းကြီးက ဓားပြတိုက်ခံရတာလည်း မဟုတ်ဘူး။ သူ့အိတ်ကပ်ထဲမှာ ပိုက်ဆံ ၅ သိန်းရှိတယ်။ သူ့ကားထဲမှာလည်း သိန်း ၄၀ ထည့်ထားတယ် မပျောက်ဘူး”လို့ အဆိုပါ အမျိုးသမီးက ဆက်လက်ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းက နမ့်ခမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၎င်းဘုန်းကြီးကျောင်းကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးရဲ့ ကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားခဲ့ရာ အဲဒီကျောင်းကို ပြန်လည်ပြုပြင်နေတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။