ဓာတ်ပုံ – Local

မိုင်းရူပ၊ သြဂုတ် ၂၄ ရက်

စစ်ကောင်စီထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်ဘက်ကို ဆက်သွယ်ထားတဲ့ နာမည်ကျော် ဂုတ်ထိပ်တံတား ကျိုးကျပျက်စီးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

“ဂုတ်တွင်းတံတား ကျိုးကျသွားတာ ဟုတ်တယ်။တံတားက လုံးဝပျက်သွားတာတော့ မဟုတ်ဘူး။ တံတားရဲ့ အစဘက်က ကျိုးသွားတာပေါ့” လို့ မြေပြင်အခြအနေသိရှသူတစ်ဦးကို ရွှေဖီမြေကို ပြောပါတယ်။

တံတားဟာ TNLAတပ်ရဲ့ မိုင်းခွဲဖျက်စီးခံခြင်းကိုခံခဲ့ရတယ်လို့ စစ်တပ်လော်ဘီတွေက တပ်ြိုင်နက် ဝိုင်းဝန်းဝါဒဖြန်ခဲ့ပေမယ့် ဘယ်လိုကြောင်း ပျက်စီးသွားခဲ့တယ်ဆိုတာကို ရွှေဖီမြေအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

တအာင်းတပ်ဘက်ကတော့ ဂုတ်ထိပ်တံတား ကျိုးကျတာနဲ့ ပတ်သက်တဲ့ တစုံတရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်ဟာ ဂုတ်တွင်းချောင်းကို ဖြတ်ပြီး ရှမ်းတပ်မတော်- SSPP ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် ထန်းတပင်ကျေးရွာလမ်းကြောင်းကနေ TNLA ထိန်း ချုပ်ထားတဲ့ ကျောက်မဲမြို့ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်တပ်စစ်ကြောင်းက နောင်ပိန်ရွာထဲအထိ ထိုးဖောက်ဝင်ရောက်လာပြီး နောင်ပိန်ရွာထဲမှာ TNLA နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။