ဓာတ်ပုံ- DPLA

လွေးလာဝ်ဇာရ်၊ ဇန်နဝါရီ ၆ ရက်၊ ရပ်စောက်

ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူမှာ ဓနု တပ်မတော်- DPLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှု ပြုလုပ်နေတယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်က ကျောက်ဂူရဲစခန်းနဲ့ ကျောက်ဂူ အမြှောက်တပ် (အမတ ၃၄၉)နဲ့ မနေ့ ဇန်နဝါရီ ၅ ရက်မှာ တောင်ထိပ်ရွာနဲ့ အင်တောမြို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

နောင်ချိုမြို့နယ် တောင်းခမ်းရွာနဲ့ ‌ကျောက်ဂူဘက် စစ်အင်အား လာဖြည့်တဲ့ စစ်တပ်ရဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာကြောင့် တိုက်ပွဲ ဖြစ်တာလို့ ပြောပါတယ်။

DPLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက “လက်ရှိ တိုက်ပွဲအခြေအနေကတော့ ကျနော်တို့ နေတဲ့ဘက်ကို စစ်အင်အား လာဖြည့်တဲ့အဖွဲ့ ရှိတယ်။ ပြီးတော့ တောင်းခမ်းဘက်ကိုလည်း စစ်အင်အား လာဖြည့်တဲ့အဖွဲ့တွေ ရှိတယ်။ နှစ်ဖွဲ့လုံးကို ကျနော်တို့ ကြားဖြတ်တိုက်ခိုက်နေတာ ရှိတယ်။ အဲဒါကြောင့်လည်း တိုက်ပွဲတွေ ဖြစ်ပေါ်ရခြင်း ဖြစ်တယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း DPLA က ဒရုန်း ၁ စီး သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်ရဲ့ ထိခိုက်သေဆုံးမှုကိုတော့ အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်တပ်ဟာ စစ်ရေးပစ်မှတ် မဟုတ်တဲ့ ခဲကြား၊ ဖက်ရင်းကုန်းရွာဘက်‌ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အဆောက်အဦး ထိခိုက်ပျက်စီး ဆုံးရှုံးမှုလည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၉ ရက်အထိ စစ်တပ်နဲ့ DPLA တို့အကြား တိုက်ပွဲ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်ဘက်က ၅၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းလည်း သိမ်ဆည်းရမိခဲ့ပါတယ်။

တိုက်ပွဲ ပြင်းထန်နေတဲ့အတောအတွင်း စစ်တပ်ဘက်က အဆိပ်ငွေ့ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ DPLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။