ဓာတ်ပုံ – Ni Min Tun

အလင်း၊ ဇွန်လ ၃ ရက်၊ ရမ်းဗြဲ

အာရက္ခတပ်တော်(ULA/AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ရမ်းဗြဲမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်နေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ စစ်ဘေးရှောင် ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ဇွန်လ ၁ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန်မှာ ရမ်းဗြဲမြို့နယ်မှာရှိတဲ့ ကြောင်ချတွင်းကျေးရွာက စစ်ဘေးရှောင်တွေ နေထိုင်ရာ နေရာတွေကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးသီး ၄ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“စစ်ဘေးရှောင် အရပ်သားတွေနေတဲ့ နေရာပါ။ ဗုံးမကြဲမီက လေယာဥ်ပျံဝဲပြီးနောက် မိနစ်အနည်းငယ်အကြာမှာ ဗုံးသီးလေးလုံးနဲ့ တစ်နေရာတည်း တစ်ချိန်တည်း ဗုံးကြဲချသွားတာပါ” လို့ ရမ်းဗြဲဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၂ ဦး သေဆုံးပြီးတော့ နောက်ထပ် စစ်ဘေးရှောင် ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရပါတယ်။

အလားတူ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်နေရာကိုလည်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ကျောက်ဖြူဘက်က စစ်ဘေးရှောင်တွေနေရာကို ဗုံးကြဲချတာပါ။ ဂျက်ဖိုက်တာ ၅ စီး၊ ၆ စီးလောက်ရှိမယ်။ Y-12 လေယာဥ်အမျိုးအစားလည်း နှစ်စီးတို့နဲ့ တပြိုင်နက် ဗုံးကြဲတိုက်ခိုက်သွားတာပါ။ ထိခိုက်မှုအခြေအနေ အသေးအစိတ်တော့ မသိရဘူး။” လို့ တောင်ကုတ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်က ၎င်းတို့ လက်လွတ်ဆုံးရှုံးလိုက်တဲ့ မြို့၊ ရွာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဥ် ရက်ဆက်လုပ်ဆောင်လာပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ မနက်ပိုင်းကလည်း ကျောက်ဖြူမြို့နယ်၊ ပေါက်ပြင်ကျေးရွာကို စစ်ကောင်စီရဲ့ ရေတပ်စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် စနဲမြို့က အရပ်သားတစ်ဦး ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးခဲ့ရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။