ဓာတ်ပုံ – CJ

အလင်း၊ မတ်လ ၁၂ ရက်၊ ဖလမ်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးနဲ့မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် မနေ့ မတ်လ ၁၁ ရက်နေ့အတွင်း ကလေးတစ်ဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ မတ်လ ၁၁ ရက်၊ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်မှာ စစ်ကောင်စီတပ်က ဒရုန်းအသုံးပြု၍ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် ဖလမ်းမြို့နယ်၊ ဆိမ်ဇောလ်ကျေးရွာရှိ ဦးထန်းလှယ်ရဲ့ နေအိမ်ပေါ်ကို တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

အဲဒီဒရုန်းဗုံးသီးကြောင့် နေအိမ်အတွင်း ရှိနေတဲ့ အသက် ၅၆ နှစ်အရွယ် ဦးထန်းလှယ်ဟာ ဗုံးထိမှန်ပြီး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဒရုန်းဗုံးသီးက အိမ်ပေါ်တည့်တည့်ကို ကျပေါက်ကွဲတာပါ။ အိမ်မှာရှိနေတဲ့ ဦးထန်းလှယ်က ဗုံးသီးထိမှန်ပြီး ပွဲချင်းပြီး ဆုံးသွားတယ်။ နေအိမ်လည်း ပျက်စီးသွားတယ်။”လို့ ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အလားတူ မတ်လ ၁၁ ရက်နေ့မှာ ဖလမ်းမြို့နယ်၊ ရမ်းထလိုကျေးရွာမှာ စစ်ကောင်စီတပ်တွေ အရင်က ပစ်ခတ်ခဲ့စဉ်က မပေါက်ကွဲဘဲ ကျန်ရစ်ခဲ့တဲ့ လက်နက်ကြီးကျည်ကို ကလေးငယ်တွေ ဆော့ကစားရာမှ ပြင်းထန်စွာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး နေရာတင် သေဆုံးခဲ့ပြီး အသက် ၈နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားတဲ့အပြင် အခြားပြင်းထန်ဒဏ်ရာများဖြင့် ဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေရပါတယ်။

“ကလေးငယ်တွေက လက်နက်ကြီးကျည်ရဲ့ ထိပ်ဖူးအချွန်ပိုင်းကို ခဲနဲ့ ထုနှက်ဆော့ကစားရာမှ ပေါက်ကွဲခဲ့တာပါ။”လို့ ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖလမ်းမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးကျည်တွေ၊ ဒရုန်းတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်လာပြီး အရပ်သားတွေ ဆက်တိုက် ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်၊ ဗုံးသီးတွေဟာ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေမှာ ကျန်ရစ်နေတာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။