ဓာတ်ပုံ – CJ

အယ်လ်နော်အောင်၊ ဇန်နဝါရီ ၁၇ ရက်၊ မူဆယ်

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့က ကေတီဗီဆိုင်တစ်ခုမှာ လိုင်းကြေးကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းခဲ့ကြရတာကနေ ခိုက်ရန်ဖြစ်ပွားပြီး နမ့်ခမ်းမြို့မ ပြည်သူ့စစ်နဲ့အတူ လိုက်ပါလာတဲ့ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက် ည ၉ နာရီခွဲခန့်မှာ ဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ပြီး လိုင်းကြေးကို ဖေဖော်ဝါရီ ၃ ရက်နေ့ နောက်ဆုံးထားကာ အပြီးပေးဖို့ နယ်ထိန်းက သတ်မှတ်ထားတာကြောင့် ညှိနှိုင်းခဲ့ကြရာကနေ အခုလို ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

အရင်က ကျားဖြန့်တစ်ရုံကို သိန်း (၅၀) နဲ့ (၁၀၀) ကြား ပေးနေရာမှ လက်ရှိမှာ ရုံအကြီးတစ်ရုံကို သိန်း (၁၂၀) နဲ့ ရုံအသေးကို သိန်း (၁၀၀) ပေးဆောင်ရမယ်လို့ သိရှိရပြီး လောင်းကစားရုံ တစ်ရုံကို သိန်း (၅၀) မှ (၇၅) သိန်း၊ ပြည့်တန်ဆာရုံ (၂၅) သိန်း၊ အပေါင်ဆိုင် (၁၀) သိန်း၊ ကာရာအိုကေ (၁၂) သိန်းနဲ့ အနှိပ်ခန်း (၁၀) သိန်း သတ်မှတ်ထားကြောင်းကို နယ်ထိန်းရဲ့ ပေးစာတွေမှာ ဖော်ပြထားပါတယ်။

ရဲခရိုင်မှူး၊ ရဲမြို့နယ်မှူး၊ စခန်းမှူးနဲ့ နယ်ထိန်းခေါင်းဆောင် အစရှိတဲ့ ရဲအရာရှိတွေက လစဥ် ငွေကြေးအမြောက်အများ ရနေကြသော်လည်း တခြားသော ရဲအရာရှိတွေနဲ့ တပ်ဖွဲ့ဝင်အများစုက လစာတစ်ခုတည်းသာ ရရှိတာကြောင့် ရဲတပ်ဖွဲ့ဝင်အကြား အပြန်အလှန်တိုင်ကြားမှုတွေ ရှိနေကြောင်းကိုလည်း စုံစမ်းသိရှိရပါတယ်။

“စခန်းမှူးနဲ့ နယ်ထိန်းဆိုရင် တစ်လကို သိန်းတစ်ထောင်ကျော် နှစ်ထောင်လောက် ဝင်တယ်။ ကျနော်တို့ကို တစ်ပြားမှ ခွဲမပေးဘူး။ ကျနော်တို့က ဂိမ်းဆိုင်လေးတွေမှာ လက်ဖက်ရည်ဖိုး သုံးလေးသောင်း သွားတောင်းရင် အပိုင်နယ်ထိန်းက မကြိုက်ဘူး ဖုန်းနဲ့ လှမ်းတားတယ်။ အထက်ကို တိုင်တယ်။ သူတို့က ပြည်နယ်မှူးနဲ့ ဒုပြည်နယ်မှူးကို လစဥ်သိန်း (၁၀၀) စီ ပေးထားတော့ အဘပြည်နယ်မှူးက ကျနော်တို့ကို ဆဲတယ်။ ရဲမှတ်တမ်းမှာ မင်နီ၊ မင်ပြာတားတယ်” ဆိုပြီး အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နောက်ထပ် ဒုရဲအုပ်တစ်ဦးကလည်း “ကျနော်တို့ဆို ဘာဝင်ငွေမှမရှိဘူး။ လစာပဲ ရှိတယ်။ သူတို့တွေရသလို ကိုယ်တွေလည်း ရချင်တယ်။ မရဖူးဘူး။ ဒီတော့ ကိုယ်မရသလို သူတို့လည်း မရစေရဘူးဆိုပြီး လောင်းကစားရုံတွေ ပိတ်သွားအောင် ဝန်ကြီးရုံးအထိ တိုင်ဖူးတယ်။ ဝန်ကြီးတို့ ရဲချုပ်တို့ကို သူတို့က လစဥ်ပေးကမ်း ထောက်ပံ့နေတော့ ကျနော်တို့တိုင်လည်း အရာမရောက်ဘူး အရေးမယူဘူး။ အံ့သြစရာကောင်းတာက မူဆယ်မှာ တရားမဝင်လုပ်ငန်းတွေ ဒီလောက်များတာကို ဝန်ကြီးတို့ ရဲချုပ်တို့ မသိဘူးဆိုတာတော့ မဖြစ်နိုင်ဘူး။ သိရဲ့နဲ့ အရေးမယူကြတာ။ အခုဆို မူဆယ်ရဲ့ နေရာတိုင်းမှာ လောင်းကစားရုံတွေ ပြည့်တန်ဆာရုံတွေဖြစ်နေပြီ” လို့ ပြောပါတယ်။

မူဆယ်မြို့မှာ နေ့စဥ် လုယက်သတ်ဖြတ်မှုတဲ့ အမှုပေါင်းတွေ အများအပြားရှိနေပေမယ့် ဖော်ထုတ်ခြင်းမရှိဘဲ မူဆယ်နယ်ထိန်းနဲ့ ရဲတပ်ဖွဲ့ဝင် အများစုက ကျားဖြန့်၊ ဂိမ်းရုံနဲ့ ပြည်တန်ဆာရုံတွေမှာသာ အချိန်ကုန်နေကြကြောင်း လေ့လာတွေ့ရှိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။