ဆုမွန်၊ ဖေဖော်ဝါရီ ၂၃ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်လန်ကျေးရွာက အသက် ၁၈ နှစ်အရွယ်ရှိတဲ့ မဥက္ကာမွန်ဆိုသူ အမျိုးသမီးတစ်ဦးဟာ တရုတ်ပြည်မှာ ယွမ် ၈ သောင်း (ငွေကျပ် သိန်း ၄၀၀ ကျော်)နဲ့ လူကုန်ကူးခံရပြီး ပျောက်ဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တွေဆီက ‌သိရပါတယ်။

မဥက္ကာမွန်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လ ၆ ရက်နေ့မှာ နေအိမ်ကနေ ထွက်သွားရာကနေ အခုလို လူကုန်ကူးခံရတာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ နေထိုင်တဲ့ ပွဲစားလုပ်သူ မခိုင်ဝင်းထက်ဆိုသူက လိမ်လည်ခေါ်ယူပြီး တရုတ်ပြည်ထဲက မြို့တစ်မြို့မှာ ယွမ် ၈ သောင်းနဲ့ ရောင်းစားခဲ့တာလို့ သူ့ရဲ့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်မှာ သူနဲ့ နောက်ဆုံး အဆက်အသွယ်ပြန်ရတယ်။ သူပြောတာတော့ သူတရုတ်ပြည်မှာ ရောင်းစားခံရတယ်။ ယွမ် ၈ သောင်းနဲ့တဲ့။ ရဲတွေက သူ့ကို ဖမ်းမိလို့ ဆင်ဖြူပေါက်ဘက် ပို့ပေးမယ်တဲ့။ အဲချိန်ကတည်းက သူနဲ့ အဆက်အသွယ်မရတော့တာ။”

‎ မဥက္ကာမွန် ပျောက်ဆုံးနေတာ အခုနဲ့ဆိုရင် ၂ နှစ်နီးပါးကြာ ရှိနေပြီဖြစ်ပြီး သူမ ပျောက်ဆုံးနေကြောင်းကို မိသားစုဝင်တွေက တရုတ်-မြန်မာ သံရုံးမှာ တိုင်ကြားထားသော်လည်း လက်ရှိအချိန်အထိ ဘာမှ အစအနမှ မရသေးဘူးလို့ ဆိုပါတယ်။

သူမပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက ပူပန်နေပြီး ၎င်းကို တွေ့ရှိပါက မိသားစုဝင်ဖုန်းတွေဖြစ်တဲ့ 09 686 000 465, 09 777 782 545 ကို ဆက်သွယ်အကြောင်းကြားပေးဖို့ အကူအညီတောင်းခံထားပါတယ်။

‎နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ အလုပ်အကိုင်ရှာဖွေရင်း အခုလို ပွဲစားတွေရဲ့ လိမ်လည်ခံရတာတွေ မကြာခဏ ကြုံနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်တုန်းကလည်း အမျိုးသမီး ၈ ဦးကို လူကုန်ကူးဖို့ လုပ်နေတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်တဲ့ ၁၀၅ မိုင် ကျင်စန်းကျော့မှာ ဖမ်းမိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။