ဓာတ်ပုံ – CJ (ပုံဟောင်း)

နော်ဂျား၊ ဇန်နဝါရီ ၂၉ ရက်၊ မူဆယ်

စစ်ကောင်စီထိန်းချုပ်တဲ့ ရှမ်းမြောက် နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့က ဂိမ်းရုံတစ်ခုမှာ အမျိုးသား ၂ ဦးကို ပြည်သူ့စစ်တွေက ဝိုင်းရိုက်လို့ သေဆုံးသွားခဲ့တယ်လို့ အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဇန်နဝါရီလ ၂၈ ရက် ည ၉ နာရီခွဲအချိန်မှာ စွမ်စော် (၁) လမ်းရှိ ဆိုင်းဘုတ်မရှိတဲ့ ဂိမ်းရုံရှေ့ကို ဆေးလိပ်တို လွှတ်ပစ်ခဲ့တာကြောင့် ဂိမ်းရုံစောင့်တဲ့ မန်ပိန်းပြည်သူ့စစ် ၃ ဦးက ၎င်းတို့ကို မရိုသေလို့ဆိုပြီး ဝိုင်းပြီးရိုက်နှက်ရာမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူ နှစ်ဦးဟာ ကိုအောင်မြင့်သိန်း (၃၁) နှစ်နဲ့ မှုန်ကြီး (၄၉) နှစ်အရွယ်ဆိုသူဖြစ်ပြီး သူတို့နှစ်ဦးဟာ စွမ်စော်(၁)လမ်း ဂိမ်းဆိုင်အနီးက ရာအိမ်မှူးဦးအောင်ဆာရဲ့ အိမ်အနီးမှာ အိမ်ငှါးနေကြသူဖြစ်တယ်လို့ သိရပါတယ်။

“သူတို့က ဆေးလိပ်တိုကို ရိုးရိုးပစ်လိုက်တာပါ။ ဒါကို ဆေးချထားတဲ့ပြည်သူ့စစ်က သူတို့ကို မရိုမသေလုပ်ရမလားဆိုပြီး ဆဲရာကနေ ရန်ဖြစ်ကြတာ။ သူတို့က ဘာမှပြန်မလုပ်ဘူး တောင်းပန်နေတာကို ပြည်သူ့စစ် (၃) ယောက်က ဝင်ထိုး ဝင်ရိုက်ကြတာ။ သေမှ အရိုက်ရပ်သွားတာ”လို့ ပြောပါတယ်။

အဲဒီဂိမ်းဆိုင်ကို သွားရောက်ကြည့်ရှုရာမှာ ဘာဖြစ်စဉ်မှ မဖြစ်ခဲ့တဲ့ပုံစံမျိုးနဲ့ မြင်တွေခဲ့ရပြီး ဆိုင်လည်း ဆက်လက်ဖွင့်လှစ်ထားတာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရိုက်နှက်မှုကြောင့် သေဆုံးသူ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းကိုလည်း ဖျောက်ဖျက်ပစ်လိုက်တဲ့သဘောမျိုးလို့ ယူဆရတယ်လို့ ဆိုပါတယ်။

သေဆုံးသူနှစ်ဦးရဲ့ နေထိုင်တဲ့ အိမ်ကို သွားရောက်မေးမြန်းခဲ့ရာမှာလည်း “ညကတည်းက ထွက်သွားတာပဲ။ အခုထိ ပြန်မရောက်သေးဘူး။ သူတို့နှစ်ယောက်က တစ်ခန်းထဲနေကြတာ။ ဘာဖြစ်လို့လဲ”လို့ အိမ်ရှင်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူနှစ်ဦးဟာ မန္တလေးမြို့ မြောက်ပြင်ရပ်ကွက်ရှိ အရိပ်မထွက်ဘုရားအနီး အောင်မြင်သူ ဆံပင်ညှပ်ဆိုင်မှာ နေထိုင်သူတွေဖြစ်ကြောင်း သိရပါတယ်။

၎င်းတို့ နှစ်ဦးဟာ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက မူဆယ်မြို့သို့ ရောက်ရှိနေပြီး ကျပန်းအလုပ် လုပ်ကိုင်နေသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။