ဓာတ်ပုံ – အမှတ်- ၁ အယ်လ်ဖာစစ်ဒေသ

ရွှေဖီမြေ၊ ဧပြီ ၂၁ ရက်

စစ်ရေးအစီအမံနဲ့ စုဖွဲ့မှုကောင်းပြီး တန်ပြန်တိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့ဆိုပြီး တော်လှန်ရေးတပ်တွေ စုပေါင်းပြီး အမှတ်- ၁ အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) တပ်ပေါင်းစုဖွဲ့စည်းကြောင်း ဒီနေ့ ဧပြီ ၂၁ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက်မှာ လူထုတွေရဲ့ တောင်းဆိုချက်အရ တပ်တစ်တပ်တည်းပေါင်းစည်းနိုင်ရေးအတွက် ညီလာခံပြုလုပ်ခဲ့ပြီး တူညီတဲ့ စစ်ရေး၊ နိုင်ငံရေးခံယူချက်နဲ့ လူထုအကျိုးကို ရှေ့ရှုနိုင်ဖို့ဆိုကာ အမှတ်- ၁ အယ်လ်ဖာစစ်ဒေသကို ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

အမှတ်- ၁ အယ်လ်ဖာစစ်ဒေသဟာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ- IEC ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF ရဲ့ စစ်ရေး၊ နိုင်ငံရေး အုပ်ချုပ်စီမံမှုအောက်မှာ တည်ရှိသွားမယ်လို့ ဖော်ပြထားပါတယ်။

အယ်လ်ဖာစစ်ဒေသကနေတစ်ဆင့် ညီညွတ်တဲ့ ကရင်နီပြည်တပ်ကို ဦးတည်ပြီး တော်လှန်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ စစ်ရေး၊ နိုင်ငံရေး စည်းလုံးမှုကို ပျက်ပြားစေမယ့်အရာတွေကို ဆန့်ကျင်သွားမယ်လို့ ဆိုထားပါတယ်။

အမှတ်- ၁ အယ်လ်ဖာစစ်ဒေသမှာ KNDF ရဲ့ ဗျူဟာ ၁ နဲ့ ဗျူဟာ ၈ ၊ ပြည်သူ့ကာကွယ်ရေးတပ်-အလယ်ပိုင်းတိုင်းက တပ်ရင်း/တပ်ဖွဲ့တချို့တချို့အပါအဝင် ဒေသကာကွယ်ရေးတပ်တွေနဲ့ မနေ့ ဧပြီ ၂၀ ရက်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။