မိုင်းရူပ၊ ဧပြီ ၂၃၊ သိန္နီ

ကိုးကန့်တပ်- (MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့နယ်မှာ တရုတ်လုပ်ငန်းရှင်တွေ ဆက်တိုက်ဝင်ရောက်နေပြီး ဒေသခံတွေရဲ့ မြေယာတွေ ဆက်တိုက်ဝယ်ယူနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

တရုတ်လုပ်ငန်းရှင်တွေဟာ လမ်းမကြီးဘေးရှိ မြေယာတွေကို အဓိက ဝယ်ယူနေပြီး သိန္နီမြို့တွင်းမှာ အဆောက်အအုံတွေ ဆက်တိုက် ဆောက်လုပ်နေသလို တရုတ်လူမျိုးတွေ အများအပြား ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

“မြေတွေကို လမ်းမကြီးဘေးမှာ အဓိကထား ဝယ်တာတွေ့ရတယ်။ ရင်းနှီးမြှုပ်နှံလို့ကောင်းမယ့် နေရာတွေ ဝယ်တာပေါ့။ စျေးကျတော့ မြေယာပိုင်ရှင်နဲ့ ညှိနှိုင်းပြီး ဝယ်တာတော့။ ဘယ်လိုပေးတာလဲတော့ အဓိက မသိရဘူး။ မြို့ထဲမှာတော့ တော်တော်စည်လာတယ်” လို့ သိန္နီမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြေယာတွေကို တရုတ်လုပ်ငန်းရှင်တွေက ဝယ်ယူပြီး အဆောက်အအုံအသစ်တွေ ဆောက်လုပ်တာရှိသလို ငှက်ပျော၊ ကြံ စိုက်ပျိုးတာတွေလည်း ရှိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဒေသခံတွေက မြေယာတွေကို ဖိအားအမျိုးမျိုးကြောင့် မဖြစ်မနေရောင်းနေကြရတာဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်ရာမှာလည်း တရုတ်တွေကို မယဉ်နိုင်တာကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သိန္နီမြို့ထဲမှာ ဆိုင်တွေရဲ့ ဆိုင်းဘုတ်တွေကို တရုတ်စာသားတွေကိုသာ အဓိက အသုံးပြုရပြီး တရုတ်စီမံကိန်းနဲ့ ဆောက်လုပ်တဲ့ အဆောက်အအုံအသစ်တွေ တိုးလာတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

သိန္နီမြို့ကို ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်က တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီး သိန္နီမြို့ကို “မူပန်” မြို့ဆိုပြီး ကိုးကန့်တပ်က ပြောင်းလဲခေါ်ဝေါ်ထားပါတယ်။

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။