ဓာတ်ပုံ- Local

ရွှေဖီမြေ၊ မတ်လ ၄ ရက်

‎ရှမ်းအရှေ့နဲ့ ရှမ်းမြောက်က မြို့နယ်အများစုမှာ စက်သုံးဆီ အကန့်အသတ်နဲ့သာ ဝယ်ယူနေရပြီး မြို့နယ်တချို့မှာတော့ ဝယ်ယူလို့ မရတော့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မနေ့ မတ်လ ၃ ရက်ကစပြီး ရှမ်းမြောက်နဲ့ ရှမ်းအရှေ့က မြို့နယ်အများစုမှာ ဓာတ်ဆီနဲ့ဒီဇယ်ကို ဆီဆိုင်တွေက အကန့်အသတ်နဲ့သာ ရောင်းချကြပြီး ဒေသခံတွေကလည်း ဆီ ပြတ်လပ်မှာကို စိုးရိမ်တာကြောင့် အလုအယက် ဝယ်ယူနေကြတာကို တွေ့နေရပါတယ်။

‎ရှမ်းအရှေ့ တာချီလိတ်မြို့မှ အမျိုးသမီးက “ဒီမှာက မနေ့ကစပြီး မြို့ထဲ အရမ်းကို ရှုပ်နေပြီ။ ဆီပြေးဝယ်နေရလို့။ ဆီဆိုင်တွေကလည်း ပါဆယ်နဲ့ မရောင်းပေးတော့ဘူး” လို့ ပြောပါတယ်။

‎ဒါ့အပြင် တချို့ဆီဆိုင်က မနက် ၈ နာရီနဲ့ နေ့လယ် ၃ နာရီအတွင်းသာ ဆီတွေကို ရောင်းချပေးနေတာကို တွေ့ရကြောင်း သူမက ပြောဆိုပါတယ်။

‎တာချီလိတ်အပြင် မိုင်းဆတ်နဲ့ ကျိုင်းတုံမှာလည်း အကန့်အသတ်နဲ့သာ ဝယ်ယူနေရပြီး ဆီဈေးဟာ ၁ လီတာကို မြန်မာကျပ်ငွေ ၆ ထောင်ဝန်းကျင်အထိ ပေးဝယ်နေရတယ်လို့ ဆိုပါတယ်။

‎အလားတူ ရှမ်းမြောက် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ နမ္မတူ၊ မန်တုံနဲ့ နမ့်ဆန် စတဲ့မြို့နယ်မှာလည်း စက်သုံးဆီ အလုအယက် ဝယ်ယူနေကြရသလို ဆီဆိုင်တွေကလည်း အကန့်အသတ်နဲ့သာ ရောင်းချပေးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

‎နမ္မတူမြို့မှ အမျိုးသားက “ခုဏက ဆီပုံး ယူသွားပြီး ဝယ်မလို့ မရတော့ဘူးတဲ့။ စီးလာတဲ့ဘီး အပြည့်ဘဲ ထည့်လာခဲ့ရတယ်” လို့ ပြောပါတယ်။

‎ဒါ့အပြင် ကျောက်မဲမြို့မှာလည်း စက်သုံးဆီ လိုသလောက် မရတော့တဲ့အပြင် ဆီဈေးလည်း တစ်လီတာ ၅ ထောင်ကျော် ပေးဝယ်ခဲ့ရကြောင်း နောက်ထပ် ခရီးသွား အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ရှမ်းမြောက် နမ့်ဆန်မြို့မှာလည်း စက်သုံးဆီ လုံးဝ ဝယ်ယူလို့ မရတော့ကြောင်း ဒေသခံတွေက ပြောပါတယ်။

‎မြို့နယ်တချို့မှာ စက်သုံးဆီဈေးတွေ တက်နေတာနဲ့ ဝယ်ယူလို့ မရတော့တာဟာ ပြီးခဲ့တဲ့လ နောက်ဆုံးအပတ်ကစပြီး ကိုးကန့်တပ်- MNDAA က လမ်းပိုင်း ပိတ်ထားတာကြောင့်နဲ့ လက်ရှိ နိုင်ငံတကာ စစ်ပဋိပက္ခကြောင့် ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။