ရွှေဖီမြေ၊ မေလ ၉ ရက်၊ မန်တုံ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့ပေါ်မှာလည်း ဆိုင်ကယ် ခိုးမှုတွေ ထပ်မံ ဖြစ်ပွားနေတာကြောင့် သူခိုးတွေကို ဖမ်းဆီးအရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

မန်တုံမြို့ပေါ်မှာ အရင်က ဆိုင်ကယ် ပျောက်ဆုံးမှု မရှိသလောက် နည်းပါးခဲ့ပေမဲ့ ၂၀၂၆ ခုနှစ် ဧပြီလကစပြီး ဘုန်းကြီးကျောင်းဝန်းအတွင်းနဲ့ အိမ်ရှေ့ ရပ်ထားရာကနေ ခိုးခံနေရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အရင်တုန်းက မန်တုံမြို့မှာ ဆိုင်ကယ် ပျောက်တာတွေ တစ်ခါမှ မရှိဖူးဘူး။ ဒီ ၂၀၂၆ မှပဲ ဆိုင်ကယ်တွေ ခဏခဏ ပျောက်လာတယ်။ ၄ လပိုင်း လဆန်းပိုင်းနဲ့ လကုန်ပိုင်းတုန်းကဆိုရင် ၅ စီးလောက် ပျောက်သွားတယ်။ တစ်ပြိုင်နက်တည်း ၂ စီး ခိုးခံရတာတွေလည်းရှိတယ်။ အခြေအနေ တော်တော်ဆိုးလာတယ်”

ဧပြီလအတွင်း မန်တုံမြို့ အောင်မင်္ဂလာ မြို့လယ်ကျောင်းမှာ တစ်ညအတွင်း ဆိုင်ကယ် ၂ စီး ခိုးခံရသလို တရုတ် ယဉ်ကျေးမှုခန်းမအနီး လမ်းဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးလည်း ပျောက်ဆုံးသွားကြောင်း သိရပါတယ်။

ဒါ့အပြင် မန်တုံမြို့ ကညနရုံးဝင်းထဲအထိ ဆိုင်ကယ် ဝင်ရောက်ခိုးခံရတဲ့ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ မေလ ၈ ရက် ညနေ ၇ နာရီဝန်းကျင်ကလည်း အမျိုးသားတစ်ဦးဟာ မိုးမိတ်-နမ့်ဆန်လမ်းခွဲအနီးမှာရှိတဲ့ အိမ်တစ်အိမ်ရှေ့မှာ ဆိုင်ကယ် ရပ်ထားရာကနေ ခိုးခံလိုက်ရတယ်လို့ နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိ မန်တုံမြို့ပေါ် မူးယစ်ဆေးဝါး သုံးစွဲသူတွေ ပြန်များလာပြီး အွန်လိုင်းဂိမ်းဖြစ်တဲ့ စလော့ဂိမ်း ဆော့ကစားသူတွေလည်း များလာတာဟာ ဆိုင်ကယ်ခိုးမှု များလာရတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်နိုင်တယ်လို့ အထက်ပါ ဒေသခံအမျိုးသမီးက ယူဆပါတယ်။

အခုလို ဆိုင်ကယ် ပျောက်ဆုံးမှု များလာတာကြောင့် ဒေသခံတွေအနေနဲ့ သွားလာရေးအတွက် စိုးရိမ်နေရပြီး စိတ်လုံခြုံမှုလည်း လျော့နည်းလာတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်ကာ အရေးယူပေးစေလိုတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။