ဓာတ်ပုံ- PYA

ရွှေဖီမြေ၊ မေလ ၁၅ ရက်၊ ပုဏ္ဏားကျွန်း

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မေလ ၁၅ ရက် မနက် ၉ နာရီဝန်းကျင်မှာ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်ကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၂၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတစ်ဦးက “ထိခိုက်မှုတော့ မသိရသေးဘူး။ ဒီမနက်မှ လာချသွားတာလေဗျ။ အဆောက်အဦးတွေတော့ အများကြီး ပျက်သွားတာလေ။ ၅ လုံး ပျက်တယ်လို့တော့ သိထားတယ်” လို့ ပြောပါတယ်။

လူထိခိုက်တဲ့ အသေးစိတ် အချက်အလတ်ကိုတော့ ရွှေဖီမြေက မသိရသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၇ ရက်ကလည်း မင်းပြားနဲ့ ကျောက်တော်မြို့နယ်ထဲ ဂျက်ဖိုက်တာ ၄ စီးနဲ့ ည ၁၀ နာရီခွဲဝန်းကျင်မှာ ပေါင် ၅၀၀ ဗုံး ၈ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပါတယ်။

စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး၊ အကျဉ်းထောင် ဆေးဝန်ထမ်း ၁ ဦးနဲ့ ကလေး ၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ပြင်းထန်သူအပါအဝင် ၁၀ ဦး ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။

အလားတူ ဧပြီ ၁၉ ရက် မနက် ၁၀ နာရီမှာလည်း မြောက်ဦးမြို့နယ်ထဲ မြိုလူမျိုး နေထိုင်တဲ့ ကျောက်ဆည်ပြင်ရွာကို စစ်တပ်ဟာ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်အပါအဝင် ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်တပ်ဟာ အာရက္ခတပ်တော်- AA ထိန်းချုပ်နယ်မြေတွေကို ဗုံးကြဲတာတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ဖားကန့်မှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရ၊ ဖားကန့်တိုက်ပွဲအတွင်း အရပ်သားနေ့စဉ်လိုလို သေဆုံးနေ

စစ်ကောင်စီနဲ့ ကချင်တပ်မတော် – KIA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့အနီးမှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

မောက်မယ်မြို့နယ်က နာဟီးရွာထဲကို PNO အဖွဲ့ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရ

ရှမ်းတောင် မောက်မယ်မြို့နယ်က နာဟီးကျေးရွာထဲကို စစ်ကောင်တပ်နဲ့ PNO ပအိုဝ်းပြည်သူစစ်အဖွဲ့တို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်တပ် ဖမ်းဆီးထားတဲ့ မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်လာပြီး ၅ဦး ကျန်ရှိနေ

ကိုးကန့်တပ်-(MNDAA) ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လားရှိုးမြိနယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်ပေးတာဖြစ်ပြီး ၅ ဦးကိုတော့ ကိုးကန့်တပ်က လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။