ရွှေဖီမြေ၊ ဇွန်လ ၂၄ ရက်၊ ဒီးမော့ဆို
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် နမ့်မယ်ခုံးမြို့က ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ မြေပြင်ဖြစ်စဉ်သိရှိသူတစ်ဦးဆီကနေ သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကို ဒီနေ့ ဇွန်လ ၂၄ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် မူကြိုအရွယ်ကလေးနှစ်ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
“ကလေးတစ်ယောက်က ပွဲချင်းပြီး သေဆုံးသွားတာ။ နောက်တစ်ယောက်က ဆေးခန်းသွားပို့တဲ့အချိန် သေသွားတာ။ လူကြီးတစ်ယောက်က ဒဏ်ရာရ။ အသက်အတိအကျတော့ မသိရဘူး”
စစ်တပ်က ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်ကလည်း တိုက်ပဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားတွေနေထိုင်ရာ ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းက ကျေးရွာတစ်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘာသာရေးဆရာတစ်ဦး သေဆုံးခဲ့ကာ ၂ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။