ဓာတ်ပုံ – အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်

လွေးလာဝ်ဇာရ်၊ ဇူလိုင် ၂၃ ရက်၊ မြိုင်

မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်မှာ ၁ လအတွင်း စစ်ကောင်စီတပ်က ဒေသခံ ၂၄ ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က မနေ့ ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်ကနေ ဒီလ ဇူလိုင် ၂၃ ရက်အထိ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင့်တွေဟာ ဒေသခံတွေကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်မှာ မြိုင်မြို့နယ်ထဲကို ပထမအကြိမ် စစ်ကြောင်းထိုးခဲ့ပြီး မြိုင်နယ်တောင်ပိုင်း သာစည်ရွာက အမျိုးသားတစ်ဦး၊နှမ်းဆီကန်ရွာ အမျိုးသားတစ်ဦး ၊မိတ္ထီလာရွာက အမျိုးသားနှစ်ဦး၊ ဝက်ပုတ်ရွာက ပြည်သူတစ်ဦး၊ကုန်းရွာက တစ်ဦး စုစုပေါင်း ၆ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

ဒါ့အပြင့် ပြီးခဲ့တဲ့ ဇူလိုင် ၂ ရင်မှာလည်း ပေါက်နယ် ထောက်ရှာပင်ကျေးရွာထဲကို စစ်ကြောင်းဝင်ရောက်ခဲ့ပြီး ရွာထဲက စိတ်မနှံ့တဲ့ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ၅ ဦးကိုသတ်ဖြတ်သွားခဲ့ပါတယ်။

ဇူလိုင် ၁၈ ရင်မှာလည်း ကွန်လပ်ကျေးရွာကို စစ်ကြောင်းဝင်ရောက်ခဲ့ပြီး အမျိုးသားတစ်ဦးရဲ့မီးရှို့သတ်ဖြတ်ထားသောရုပ်အလောင်းတစ်လောင်းနဲ့ ဘောတုံကျေးရွာက မီးရှို့သတ်ဖြတ်ထားတဲ့ ရုပ်အလောင်း ငါးလောင်း၊ သံချောင်းကျေးရွာထဲက စိတ်ကျန်းမာရေးချို့ယွင်းနေတဲ့ အမျိုးသားတစ်ဦး စုစုပေါင်း ၈ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မြိုင်နယ်ထဲကို စစ်ကြောင်းဝင်ရောက်ခဲ့ပြီး ကန်နက်ရွာက အမျိုးသားနှစ်ဦး၊ မြင်းကိုးသစ်ရွာက အမျိုးသားတစ်ဦး၊ ကိုင်းတောမရွာက အမျိုးသားတစ်ဦး၊ ဝါးရင်းချိုင်ကျေးရွာက အမျိုးသားတစ်ဦး စုစုပေါင်း ၅ ဦး ကိုသတ်ဖြတ်ပြီး အလောင်းဖျောက်ထားခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် ထုတ်ပြန်ချက်အရ သိရပါတယ်။

အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက “စစ်ကြောင်းတွေက နေ့တိုင်းထိုးနေတယ်။ ဒီနေ့အထိဘဲ။ ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်ရတုန်းဘဲ။ ဒီနေ့လည်း တင်းမရွာရောက်နေတယ်။ အခုထိ ရှိတုန်းဘဲ။ အဲနားတစ်ဝိုက်က ရွာတွေအကုန်လုံး ရှောင်းနေရတယ်။ အဓိက ရေနံမှော်အနီးကရွာနဲ့ ရေနံလုပ်သားတွေလည်း ရှောင်နေရတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် လက်ရှိအချိန်အထိ ဒေသခံ ၁ သောင်းကနေ ၂ သောင်းနီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။