ဓာတ်ပုံ -Local

ဝတ်ရည်၊ ဇူလိုင် ၁၅ ရက်၊ အရာတော်

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ၃ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဇူလိုင် ၁၄ ရက် နေ့လယ် ၄ နာရီဝန်းကျင်မှာ အရာတော်မြို့နယ် ကံရင်းကျေးရွာအတွင်း လက်ဖက်ရည်ဆိုင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အဲရွာမှာက တိုက်ပွဲဖြစ်ပွါးတာ မရှိခဲ့ပါဘူး။ လက်ဖက်ရည်ဆိုင်နဲ့ အနီးဝန်းကျင်မှာ ဗုံး ၃ လုံးလောက် လာချသွားတာ။ မိနစ်ပိုင်းပဲခြားပြီး ကြဲသွားတာ။ ကိုယ်ဝန်ဆောင်ရဲ့ ဗိုက်ထဲကလေး အသက်ရှင်မယ်ထင်လို့ မွေးထုတ်ကြသေးတယ်။ မွေးတဲ့အချိန်မှာတော့ အသက်မရှိတော့ဘူး”

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် အမျိူးသမီး ၂ ဦးနဲ့ ကလေးငယ် ၁ ဦးတို့ သေဆုံးခဲ့ရပြီး အမျိုးသား ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ အထက်ပါ ဒေသခံက ပြောပါတယ်။

အထက်ပါဖြစ်စဉ်နဲ့ အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာလည်း ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကကိုယ်ဝန်ဆောင်အမျိုးသမီး မွေးဖွားမယ့်ရက်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိခင်နဲ့ ကလေးအပါအဝင် ဒေသခံ ၄ ဦး သေဆုံးခဲ့ပါတယ်။

စစ်တပ်ဟာ ၎င်းတို့ လက်လွှတ်ခဲ့ရတဲ့ စစ်ကိုင်းတိုင်းက နယ်မြေကိုတွေ မြေပြင်ထိုးစစ်တွေ လုပ်ဆောင်နေသလို လက်နက်ကြီးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ဆက်တိုက်လုပ်ဆောင်တာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုလည်း ဆက်ရှိနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။